Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Vaz
7.2
Dredd (2012)
Dredd (2012)IMDb Rating (7.1) / Rotten Tomatoes (80%)The Boys ထဲက Oi....ဘီလီဘွတ်ချာကြီး Karl Urban အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ Dredd (2012) ဆိုတဲ့ အက်ရှင် Sci-Fi ရုပ်ရှင်တစ်ကား တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး Judge Dredd ကာတွန်းဇာတ်ကောင်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းသွားက အနာဂတ်ကာလ၊ မယ်ဂါစီးတီဝမ်းမြို့ကြီးမှာ တရားရေးရာအကဲဖြတ်၊ တရားသူကြီးနှင့် ကွပ်မျက်သုတ်သင်သူများအဖြစ် တစ်ယောက်တည်းက တာဝန်အားလုံးကို ထမ်းဆောင်ရတဲ့ တရားသူကြီးတွေကို မိတ်ဆက်ပေးထားပါတယ်။ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Judge Dredd ဆိုတာ အလိုအလျောက် တရားစီရင်နိုင်တဲ့ တရားသူကြီးတစ်ယောက်ပါ။ သူက မယ်ဂါစီးတီဝမ်းရဲ့ အန္တရာယ်အများဆုံးနေရာတွေကို တာဝန်ယူထားရသူပေါ့။ သူနဲ့အတူ သူ့ရဲ့ အကဲဖြတ်ခံ လူသစ် Judge Anderson (Olivia Thirlby) တို့က မူးယစ်ဆေးလူဆိုးအဖွဲ့နှင့် ထိပ်တိုက်ပွဲတွေ နွှဲရတဲ့ဇာတ်ကြောင်းပါပဲ။နာမည်ကြီး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Ma-Ma (Lena Headey) က ...
movie
Dredd (2012)
4K HEVC
6.5
Slay (2024)
IMDb 6.5/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Horror ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ Drag queen အဖွဲ့ တစ်ဖွဲ့က သူတို့ သွားရောက် ဖျော်ဖြေဖို့ စီစဉ်ထားတဲ့နေရာ မဟုတ်ဘဲ ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်ပြင်ရဲ့အလယ်က စားသောက်ဆိုင်တစ်ဆိုင်ကို နေရာမှားပြီး ရောက်သွားခဲ့ကြပါတယ်။သူတို့ကို အထင်သေး မကြိုဆိုကြတဲ့သူတွေကြား စိတ်အားထက်သန်စွာ ကြိုဆိုနေသူ တချို့ကြောင့် ပညာကုန်သုံးပြီး ဖျော်ဖြေပေးခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့လို့ ဝရုန်းသုန်းကားတွေဖြစ်ခဲ့ပါတော့တယ်။မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့သူတွေကတော့ ဗန်ပိုင်းယားတွေပါ။ ဖုန်းလည်းဆက်လို့မရ၊ စားသောက်ဆိုင်ထဲမှာလည်း ဘာ လက်နက်မှမရှိနဲ့ ဗန်ပိုင်းယားတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အလယ်မှာ သူတို့အဖွဲ့နဲ့ ဆိုင်ထဲက သူတို့ကို အထင်သေးတဲ့လူတွေ၊ ကြားနေ လူစုတွေကြား ပဋိပက္ခတွေဖြစ်ကာ အတွင်းရော အပြင်ပါ အန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့...သူတို့ကို အထင်သေး ရှုံ့ချနေတဲ့သူတွေက သူတို့အပေါ် အမြင်ပြောင်းနိုင်ပါ့မလား.. တစ်စ တစ်စ ...
movie
Slay (2024)
5.0
Starship Troopers 3: Marauder (2008)
2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie
Starship Troopers 3: Marauder (2008)
2008
5.1
10,000 BC (2008)
10,000 BC (2008)ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာ ဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေး တစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှ နေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါပေမဲ့ သူတို့၂ဦးရဲ့ ချစ်ခရီးက ကြာကြာမတည်မြဲခဲ့ဘဲ ခြေ၄ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူတွေ ယာဂါလ်တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုးတွေကို ဖမ်းဆီးသွားတဲ့အခါ ဒလေးအနေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… ...
movie
10,000 BC (2008)
2008
6.0
The Dark Tower (2017)
ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie
The Dark Tower (2017)
2017
4K HEVC
5.6
Fried Barry (2020)
Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size - (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie
Fried Barry (2020)
2020
7.0
Chronicle (2012)
Chronicle (2012) IMDb - 7.0/10_____Rotten - 85% 'with great power comes great responsibility' ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့... ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ...Translated by Linn Kyaw Swar AungEncoded by sithu
movie
Chronicle (2012)
2012
4.9
Action Point (2018)
ဒီတစ်ခေါက်မှာလဲ CM Fan တွေကို ဟာသ ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် တစ်ကားလုံး ရယ်နေရလို့စိတ်ညစ်တာတွေတောင် ပျောက်သွားပါလိမ့်မယ်တစ်ခုရှိတာတော့ ညစ်ညမ်းအပြုအမှု နဲ့ ညစ်ညမ်းစကားလေးတွေအနည်းငယ်ပါတာကြောင့် မိသားစု နဲ့ ကြည့်ရင်တော့ သိပ်ပြီးအဆင်ပြေမယ် မထင်ပါဘူး ဒါလေး တစ်ခုပါပဲဇတ်လမ်း ပုံစံကတော့ဒီစီ ဆိုတဲ့ လူဟာ သူ့ ဘဝ ကြီးလို့ သက်မှတ်ထားတဲ့ကစားကွင်းကြီး တစ်ခု ပိုင်ပါတယ် ကစားကွင်းလို့သာပြောရတာ ကစားစရာ ပစ္စည်းက မစုံလင် ဘာမှ မခိုင်ခံညစ်ပတ်စုတ်ပြတ်နေတဲ့ ကွင်းလေး တစ်ခုထဲမှာအဖြစ်သဘော လုပ်ထားတဲ့ ကစားကွင်းတစ်ခုဖြစ်ပြီးဘာမှ အထိန်းမကွပ်မရှိ လုပ်ချင်ရာလုပ်နေတဲ့ သူဖြစ်ပါတယ်တစ်ရက်မှာတော့ ကွာရှင်းထားတဲ့ ဒီစီ မိန်းမဆီကနေသမီးလေး ဖြစ်သူ ဘိုဂီ လာလည်ပါတယ်ဘိုဂီ လာလည်တုန်း တစ်ခဏ ဒီကစားကွင်းကိုအောင်မြင်အောင် လုပ်ဖို့ကြံရွယ်ရင်းဘဏ်က အကြွေးတွေလဲ ဆပ်ချင်နေတဲ့ဒီစီ တစ်ယောက် ဘယ်လို ပေါက်တက်ကရတွေလုပ်ပြီး ကမောက်ကမ တွေ ဖြစ်မယ်ဆိုတာဟား ဖို့ ပြင်ရင်း ကြည့်ရှုလိုက်ရအောင်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Bommy Chan ဖြစ်ပြီး Thit San ...
movie
Action Point (2018)
2018