Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Vargas
Hello, Universe! (2023)
အခုတစ်ခေါက်မှာတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့သင့်တော်မယ့် ကားကောင်းလေးတစ်ကားပါ။ ဒီကားထဲမှာဆိုရင်တော့ ဘတ်စကက်ဘောကို ချစ်မြတ်နိုးသူတွေအနေနဲ့ ကြည့်သင့်တဲ့ အားကစားအခြေခံ ဟာသ ဒရာမာကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း အေရီရယ်ဆိုတဲ့ သက်လတ်ပိုင်း ဘတ်စကက်ဘောကစားသမားဟောင်းတစ်ယောက်ဟာ သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် သူ့ဘဝကြီး အဲ့အချိန်ကတည်းကစလို့ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူက သာမန် ကုမ္ပဏီဝန်ထမ်းဘဝနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေပေမယ့် သူ ဝါသနာပါတဲ့ ဘတ်စကက်ဘောကစားနည်းကိုတော့ နည်းနည်းလေးမှ လက်လွတ်မခံခဲ့ပါဘူး။တစ်နေ့တော့ သူ့ဘဝသူ ညည်းညူနေရင်းနဲ့ ဂျက်ဆီဆိုတဲ့ လူထူးဆန်းတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ အဲဒီ့ လူထူးဆန်းက ဘယ်သူလဲဆိုတာကို သူမသိပေမယ့် ဂျက်ဆီနဲ့အတူတူ ထူးဆန်းတာတွေကို လျှောက်လုပ်မိရင်း ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲဆက်ပြီး ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ်File size…(1.6 ...
movie
Hello, Universe! (2023)
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie
Baby Boy, Baby Girl (2023)
2023
7
(18+) Boy Bastos (2022)
Boy bastos 2022 Comedy/ 18+၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာအာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်းရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်းခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက်ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြားအဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါအဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြားဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေးကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / ...
movie
(18+) Boy Bastos (2022)
2022