Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jodi Long
6.5
The Exorcist III (1990)
The Exorcist III (1990)IMDb - 6.5/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ ...
movie
The Exorcist III (1990)
1990
Night Swim (2024)
Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။ ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆိုတော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie
Night Swim (2024)
2024
4K HEVC
5.5
The Hot Chick (2002)
The Hot Chick (2002) Genre – Comedy, Fantasy IMDB – 5.5/10The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်ကအခွီနောက်တစ်ကား လာပါပြီ။သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေးSherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်းဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး ...
movie
The Hot Chick (2002)
2002
6.1
The Monkey King (2023)
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာစွမ်းအားတွေရှိနေပါတယ်။ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်းလက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့တိုက်ခိုက်ရပုံကို ပြထားတာပါ။ကြည့်လို့ကောင်းပါတယ်။ကြည့်လိုက်ပါဦး။ File size… 2 GB / 980 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Action , Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr. Anderson
movie
The Monkey King (2023)
2023
7.0
Splash(1984)
Splash(1984)************မင်းသားကြီး Tom Hanksကားမို့ မကောင်းမှာမပူရတဲ့အပြင် သူ့ရဲ့ငယ်ရွယ်စဉ်တုန်းကဆင်ခဲ့မှုကို ရှုစားရမှာပါ။ ဒါအပြင် မင်းသမီးကြီး Daryl Hannahကတော့ အခုတောင် အတော်လန်းတဲ့ဘွားတော်ကြီးဆိုတော့ ငယ်စဉ်က ဘယ်လောက်လှခဲ့မလဲဒီဇာတ်ကားထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ခင်ဗျားတို့မကြည့်ဖူးလောက်သေးတဲ့ မင်းသားကြီးTom Hanksရဲ့ ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရအောင်ဗျာ။လူတွေဟာ လက်တွေ့ဘဝမှာနေထိုင်ရပေမဲ့ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာတော့စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေနဲ့ ပျော်မွေ့ချင်ကြတာပဲမဟုတ်လား။ ဒီဇာတ်ကားလေးမှာလည်းအလုပ်ဂျပိုးတစ်ယောက်ဖြစ်သူ Allenဟာ ငယ်ငယ်က ရေနစ်စဉ်မှာ ရေသူမလေးတစ်ယောက်ကလာကယ်ဖူးတာကို ထင်ယောင်ထင်မှားတစ်ခုအမှတ်နဲ့ပဲ စိတ်ထဲမှာမှတ်ထားသူပါ။မိဘတွေကချန်ရစ်ခဲ့တဲ့လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ရင်း ရည်းစားတော့ထားပါရဲ့အချစ်ဆိုတာ ဘာမှန်းမသိသူပေါ့။ အချစ်မခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲသွားတဲ့ရည်းစားကြောင့်အရက်မူးမူးနဲ့တစ်ညမှာ ငယ်စဉ်ကရေနစ်ဖူးတဲ့နေရာကိုသွားဖို့ ညတွင်းချင်းပဲဆုံးဖြတ်လိုက်ပါတယ်။အဲဒီနေရာကိုအရောက်မှာ သူငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရေသူမဆိုတာဟာ အမှန်တကယ်ပဲလားဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ File Size :(3.5GB)(1.3GB) and (391MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo ...
movie
Splash(1984)
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
7.2
Beginners(2010)
အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie
Beginners(2010)
7.9
Shang-Chi and the Legend of the Ten Rings (2021)
Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie
Shang-Chi and the Legend of the Ten Rings (2021)
2021
IMAX 4K HEVC
7.3
The Tale(2018)
The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Tale(2018)
2018