Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jocelyn Hudon
5.6
Pixels (2015)
Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Pixels (2015)
6.7
Falling in Love in Niagara (2024)
အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာကတကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ...
movie
Falling in Love in Niagara (2024)
6.7
Romance with a Twist (2024)
Romance with a Twist (2024)ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။အညွှန်း ...
movie
Romance with a Twist (2024)
2023
6.7
Love in the Maldives(2023)
Love in the Maldives(2023)*************************ဒီတစ်ခါညွှန်းပေးချင်တဲ့ကားကတော့ Romance ကားပဲဖြစ်ပါတယ် Rae Parker ဆိုတဲ့ ဆောင်းပါးရှင်ဟာ အမျိုးသမီးတွေအတွက် Solo adventure လိုဆောင်းပါးတွေကိုရေးပေးရတာဖြစ်ပါတယ်.... တစ်နေ့မှာ သူ့ရဲ့ Editor က သူ့ရဲ့ဆောင်းပါးတွေဟာတောင်တက်တာဘာညာတွေက အရမ်းများနေပြီမို့လို့ boring ဖြစ်နေလို့ Maldives ကျွန်းကိုသွားပြီးအသစ်အဆန်းလေး ရေးခိုင်းပါတယ်... Rae တစ်ယောက် Maldives သွားပြီး ဘယ်လို adventure တွေရှာလာမလဲ ...အဲ့ဒီကလူတွေနဲ့ရော ဘယ်လိုတွေခင်ခဲ့ကြမလဲ ဘယ်လိုအလှအပတွေတွေ့မလဲ...ကျွန်းအလှတွေ တစ်လှေကြီးခံစားရမဲ့အပြင် ချစ်စရာ ရိုခန်းလေးတွေလည်းမြင်တွေရမှာမို့ခံစားကြည့်ကြပါဦး...........................File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Love in the Maldives(2023)
4.7
Sniper: Rogue Mission (2022)
Sniper: Rogue Mission (2022)Sniper ကား ပရိသတ်တွေအတွက် ဒီလထွက် စနိုက်ပါကား အသစ်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ကားအနေနဲ့ဆို အတော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ပါ။ ဒီကားရဲ့ ဒါရိုက်တာ Oliver Thompson ဟာလည်း Stranger Things ရဲ့ Editor လုပ်ခဲ့ပြီး ဒီကားမတိုင်ခင်ကားဟာ ရိတ်တင်လည်းမဆိုးသလို ဆုပေးပွဲတွေက ဆုတွေလည်းရရှိခဲ့ပါတယ်။ ဒီကားကလည်း အက်ရှင်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းတဲ့ကားပါပဲ။ဇာတ်လမ်းကတော့ အထက်လူကြီးတစ်ယောက်က လူကုန်ကူးတဲ့လူနဲ့ပေါင်း နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ကြိုးစားရာက ဆိုင်းငံ့ခံလိုက်ရတဲ့ အထူးအေးဂျင့်တွေအကြောင်းပါ။ အထက်လူကြီးတွေက သူတို့ဘက်မနေပေမဲ့ မှန်ရာကို မရမကလုပ်ချင်တဲ့ သူတို့တွေ သူတို့ဘော်ဒါခပ်ကြမ်းကြမ်းကောင်တွေနဲ့စုပြီး ဖော်ထုတ်ဖို့ကြိုးစားကြတဲ့ စနိုက်ပါကားအလန်းစားပါ။ မင်းသားဟာဆို ရုပ်ရှင်ထဲက စကားအရတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးစနိုက်ပါသမားပါ။ သူတို့အပြင် ဂျပန်မင်းသမီးချောချောလေးကလည်း ခပ်မိုက်မိုက် လုပ်ကြံရေးသမားအဖြစ်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းလေးလည်း ကြည့်ပျော်သလို G.I Joe ...
movie
Sniper: Rogue Mission (2022)
2022
5.5
[18+] Below Her Mouth (2016)
18+ Lesbian ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..18+ ဆိုပေမယ့် Drama ဆန်တဲ့ အပြင် ဘဝရဲ့ရွေးချယ်ရပ်တည်မှုတွေ အခက်အခဲတွေကိုလည်းတွေ့ရမှာပါ.. ဒီကားလေးကတော့ Below Her Mouth ဖြစ်ပါတယ်.. Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ အထူးတင်ဆက်မှူကဏ္ဍမှပြသခဲ့တဲ့ ကားလေးဖြစ်ပါတယ်.. ဒီကားမှာ အဓိက ဇာတ်ဆောင်တွေကတော့ Jasmine နဲ့ Dallas ပါ.. Jasmine က နာမည်ရနေတဲ့ ဖက်ရှင်အယ်ဒီတာတစ်ယောက် ဖြစ်ပြီး သူ့မှာ စေ့စပ်ထားတဲ့ အမျိုးသားလည်း ရှိပါတယ်.. သူ့ဘဝ အတွက် အရာရာ အခြေကျပြီးသားလို့ သူယူဆထားပေမယ့် ကံကြမ္မာဆိုတာ ပုံသေမရှိဘူးဆိုတာကို သူမေ့လျော့နေခဲ့ပါတယ်... သူ့ဘဝပြောင်းလဲဖို့ ဖြစ်လာမယ့်တစ်ညမှာ Dallas ဆိုတဲ့ကောင်မလေးနဲ့ Jasmine အမှတ်မထင် ဆုံတွေ့မိတယ်။ .Dallas က သူ့ကို ရဲရဲတင်းတင်း ချစ်ရေးဆိုခဲ့ပါတယ်.... တစ်သက်လုံး Straight အနေနဲ့ ရပ်တည်ခဲ့တဲ့ Jasmine ဟာ Dallas ကို လက်မခံခဲ့ပါဘူး.. ...
movie
[18+] Below Her Mouth (2016)
2016