Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joaquin Phoenix
6.6
The Immigrant (2013)
1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Immigrant (2013)
6.6
Reservation Road (2007)
Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်ကတော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်ထွက်ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Reservation Road (2007)
6.7
Buffalo Soldiers (2001)
ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Buffalo Soldiers (2001)
8.0
Her (2013)
Her (2013)IMDb Rating (8.0) / Rotten Tomatoes (95%)မင်းသား Joaquin Phoenix နဲ့ သူ့ဇနီးဖြစ်သူ Rooney Mara, Amy Adams ,Olivia Wilde, Chris Pratt စတဲ့နာမည်ကြီးသရုပ်ဆောင်တွေအပြင်AI အသံသရုပ်ဆောင်အဖြစ် Scarlett Johansson ပါ ပါဝင်ထားပါတယ်။Open AI မှာ Scarlett Johansson ရဲ့ခွင့်ပြုချက်မရဘဲ သူ့အသံကိုထည့်သွင်းထားတယ်ဆိုပြီး ပြသနာတက်နေတာလဲ ဒီရုပ်ရှင်ထဲက အစပြုတာပါ....Her (2013) ထဲမှာ ညှို့ငင်ဆွဲဆောင်နိုင်တဲ့ AI အသံကို Scarlett Johansson က အသက်ဝင်အောင် သရုပ်ဆောင်ခဲ့ပြီး ဒီအသံကို Open AI ရဲ့ ညှို့ငင်မြူစွယ်တဲ့နေရာမှာ သုံးစွဲထားတာကြောင့် Scarlett Johansson နဲ့ Open AI ရဲ့ CEO ဖြစ်သူ Sam ...
movie
Her (2013)
2013
6.8
To Die For (1995)
To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie
To Die For (1995)
1995
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
8.5
Gladiator (2000)
၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie
Gladiator (2000)
4K HEVC
6.5
Napoleon (2023)
Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie
Napoleon (2023)
2023
4K HEVC
7.0
Two Lovers (2008)
Two Lovers (2008) ============== IMDb Rating - 7.0/10Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန် နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုး စားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောက ကြီးက ပစ်မထားခဲ့ပါဘူး။သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။ တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ် ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံး က မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက် ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီး နှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင် တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေ မာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ...
movie
Two Lovers (2008)
2008
7.8
Walk the Line (2005)
Walk the Line (2005)~ IMDb - 7.8/10, Rotten Tomatoes - 82% ~ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း ...
movie
Walk the Line (2005)
2005
7.1
Beau Is Afraid (2023)
Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie
Beau Is Afraid (2023)
2023
4K HEVC
Irrational Man (2015)
Irrational Man (2015)အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား...မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား....ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ..ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်... ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို သူ့စာတမ်းနဲ့ ...
movie
Irrational Man (2015)
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)
The Yards (2000)
Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie
The Yards (2000)
7.0
8MM(1999)
8MM(1999)***********အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့်မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်...မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစားရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့်ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာမကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာမီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကိုရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ်စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာသိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီးဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာအစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ...
movie
8MM(1999)
6.5
Ladder 49 (2004)
Ladder 49 ~~~~~~ IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။အဲ့လိုအမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမားတွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie
Ladder 49 (2004)
6.7
Signs (2002)
Signs (2002) ~ IMDb - 6.7/10, RT - 74%, Letterboxd - 3.4/5 ~Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, ...
movie
Signs (2002)
2002
6.5
The Village (2004)
The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie
The Village (2004)
2004
7.8
C’mon C’mon (2021)
C'mon C'mon (2021) ~ IMDb - 7.8/10, RT - 94% , Meta - 81% ~နာမည်ကျော် A24 က ထွက်ရှိလာတဲ့ ဒါရိုက်တာမိုက်မေးလ်နဲ့ ဝါကင်းဖီးနစ်တို့ရဲ့ ရုပ်ရှင်ပါ။ တစ်ချို့ A24 ပရိတ်သတ်တွေက C'mon ကို what a masterpiece ဆိုပြီး ဩဘာပေးကြသလို တစ်ချို့ကတော့ ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ပြောကြပြီး A24 ရဲ့ နောက်ထပ်မာစတာပိစ်တစ်ကားလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းကတော့ တိုင်းပြည်အနှံ့ပတ်သွားပြီး ကလေးတွေကို အင်တာဗျူးလုပ်ရတဲ့ ရေဒီယိုဂျာနယ်လစ်နဲ့ သူ့တူလေးနဲ့ကြားက Chemistry သက်သက်ပါပဲ။ သို့ပေမဲ့ ရယ်စရာကောင်းတဲ့ဇာတ်၀င်ခန်းတွေနဲ့ တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် ရုပ်ရှင်တစ်ကားပါ။ C'monမှာ အဓိကအနေနဲ့ လူ၃ယောက်ပဲပါပေမဲ့ အဲဒီလူ၃ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က လက်ဖျားခါလောက်စရာပါပဲ။ ဝါကင်းဖီးနစ်တို့ ဂါဘီဟော့ဖ်မန်းတို့ကတော့ သိပြီးသားဆိုတော့ ...
movie
C’mon C’mon (2021)
2021
6.4
Inventing the Abbotts (1997)
Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie
Inventing the Abbotts (1997)
1997
1
2
Next