Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joanna Going
5.4
Phantoms (1998)
Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှလူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေသူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံးပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie
Phantoms (1998)
1998
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
6.4
Inventing the Abbotts (1997)
Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie
Inventing the Abbotts (1997)
1997
2.5
Home Alone 4 (2002)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Kevin McCallister's parents have split up. Now living with his mom, he decides to spend Christmas with his dad at the mansion of his father's rich girlfriend, Natalie. Meanwhile robber Marv Merchants, one of the villains from the first two movies, partners up with a ...
movie
Home Alone 4 (2002)
2002
6.8
The Tree of Life (2011)
The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပုံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတတွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie
The Tree of Life (2011)
2011