Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joanna Barnes
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
6.6
The Parent Trap (1998)
The Parent Trap (1998)~ IMDb - 6.6/10, Rotten Tomatoes - 86% ~လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ဒါပေမဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ ...
movie
The Parent Trap (1998)
1998