Channel Myanmar

Joan Rivers

First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Serial Mom (1994) 6.8
Serial Mom (1994)  ဗယ်ဗလီဆပ်ဖင်း ဆိုတဲ့ အိမ်​ထောင်ရှင် အမျိုးသမီး၊ ​ယောက်ျားအတွက်​ရော သားသမီးဘအတွက်​ရော တာဝန်​ကျေပွန်တဲ့ အမျိုးသမီး တ​ယောက် သူ့မိသားစု က​တောင် မသိတဲ့ သူရဲ့စိတ်​နေစိတ်ထား တခြားတဘက်မှာ​တော့ သူက ​ကြောက်စရာ​သွေး​​အေး​အေး စိတ်​တဇ လူတ​ယောက်ဖြစ်​နေ​သောအခါ .... ၁၉၉၄ ခုနှစ်က ထွက်ရှိထားပြီး ယခုအချိန်ထိ ​ပြော​နေကြရတဲ့ classic ဇာတ်ကားဖြစ်ပါတယ်ဇာတ်ကားတခုလုံး တရှိန်ထိုးကြည့်ရှုရမှာမို့လို့ ဒီလိုဇာတ်ကား​တွေ ကြိုက်နှစ်သက်တဲ့သူ ​​တွေ လက်မလွတ်သင့်တဲ့ကားပါ က​လေးငယ်​တွေ၊နှလုံးမ​ကောင်းတဲ့သူ​တွေ အတွက် မသင့်​တော်တဲ့ ​သွေးထွက်သံယို အခန်း​တွေ ပါဝင်တာကို​တော့ သတိ​ပေးချင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Serial Mom (1994)

The Smurfs (2011) 5.4
The Smurfs (2011)  IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie

The Smurfs (2011)

Spaceballs (1987) 7.1
Spaceballs (1987)   ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတို့ဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို့ ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို့ ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို့ ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖို့အတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။File size…(2.86GB/1.36GB/(757MB) Quality….Webrip 1080p / 720p ...
movie

Spaceballs (1987)