Channel Myanmar

Jo Van Fleet

The Rose Tattoo (1955) 6.9
The Rose Tattoo (1955)  ဒီကားကတော့ 1955 တုန်းက ထွက်ခဲ့တဲ့ အဖြူအမည်းကားလေးပါ။ IMDB rating 6.9 (nice) ရထားပြီးတော့ ဆုတွေအတော်များများရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။လင့်မျက်နှာ တစ်ကမ္ဘာဆိုတဲ့ ဆယ်ရာဖီနာ ဟာ ယောင်္ကျားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ နှစ်နဲ့ချီ ပူဆွေးပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ ဒီလိုနေလာရင်းကနေ အိမ်ကို အဝတ်ချုပ်ဖို့ လာအပ်တဲ့ မိန်းမနှစ်ယောက်နဲ့ စကားများရာက သူ့ ယောင်္ကျားဟာ သူ့အပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ဒါကိုပဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ရင်း ချစ်ရသူကို ဆုံးရှုံးရတာရော သစ္စာဖောက်ခံရတာရောကို ဘယ်လိုဘယ်နည်းနဲ့ ကုစားမယ်ဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Rose Tattoo (1955)

East of Eden (1955) 7.8
East of Eden (1955) East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie

East of Eden (1955)

1955