Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jo Sang-geon
6.5
The Old Garden (2006)
The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie
The Old Garden (2006)
2006
7.3
Punch (2011)
တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်းပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအမေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie
Punch (2011)
5.9
Sword in the Moon (2003)
[Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie
Sword in the Moon (2003)
7.2
The President’s Last Bang (2005)
ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။ File Size - 733 MB Quality - Bluray 720P Runtime - 1h 42min Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie
The President’s Last Bang (2005)
2005