Channel Myanmar

Jo Min-jun

Silmido (2003) 7.1
Silmido (2003) Silmido (2003)ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie

Silmido (2003)

2003
Hanbando (2006) 4.8/10
Hanbando (2006) Hanbando (2006) ဒီကားလေးကတော့ 2006 က ထွက်ရှိခဲ့ပြီး ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား ပဋိပက္ခကို ပုံဖော်ရိုက်ကူးထားတာပါ။ တောင်နှင့်မြောက် ကိုရီးယားအစိုးရအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးပြန်လည် ရယူရန်အတွက် ဂယောင်းဝီမီးရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံမှ လွန်ခဲ့တဲ့ရာစုနှစ်က ဂျိုဆွန်းဘုရင်နဲ့ ထားရှိခဲ့ကြတဲ့ သဘောတူညီချက်စာချုပ်ပါအကြောင်းအရာအရ ဂယောင်းဝီမီးရထားလမ်း မူပိုင်ခွင့်ကို ဂျပန်တို့ဘက်မှပိုင်ဆိုင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်မပြုကြောင်း ဖွင့်လှစ်ခဲ့ပါက ကိုရီးယားစီးပွားရေးဈေးကွက်ကို ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ သဘောတူညီချက်စာချုပ်မှာပါတဲ့ နိုင်ငံတော်တံဆိပ်ဟာ အတုဖြစ်နေခဲ့ကြောင်း သိရှိသွားတဲ့အချိန် တောင်ကိုရီးယားသမ္မတမှ သမိုင်းကြောင်း ပညာရှင် ချွဲမင်ဂျယ်နဲ့ ဂျိုဆွန်း‌ဘုရင်မျိုးဆက် ကင်မ်ယူရှစ်တို့ကို ‌တံဆိပ်တုံးအစစ်ကို ရှာဖွေစေပြီး သမိုင်းကို ပြင်ဆင်ရန် ခိုင်းစေခဲ့ပါတော့တယ်။ နိုင်ငံပိုင်တံဆိပ်တုံးအစစ်ကို ရှာတွေ့ပြီး ဂျပန်တို့လက်ထဲမှ ဂယောင်းဝီမီရထားလမ်းမူပိုင်ခွင့်ကို ပြန်လည်ရယူနိုင်မလား ကိုရီးယားစီးပွားရေးဈေးကွက်ကရော အခြေအနေပြန်လည်တည်ငြိမ်သွားမလားဆိုတာကတော့ ဒီကားလေးမှာ စောင့်ကြည့်ရမှာပါ။ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တဲ့အပြင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File Size - 2.1 GB , 740 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Milkeux Encoder - August
movie

Hanbando (2006)

2006
Over My Dead Body (2012) 6.1
Over My Dead Body (2012) [Unicode]ဒီဇာတ်ကားလေးက ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Crime/Comedy အမျိုးစားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းသိပ္ပံ စမ်းသပ်မှု တစ်ခုရဲ့ microchip ကို ဥက္ကဌဖြစ်သူ ဂင်ထက်ဆူက ဓာတ်ခွဲခန်းနေ ခိုးယူပြီး နိုင်ငံခြားကို ရောင်းပစ်ဖို့လုပ်ခဲ့ပါတယ် အဲ့အချိန်မှာ ဓာတ်ခွဲခန်း အလုပ်သမားခေါင်းဆောင် ဂျင်ဆူကို ကားတိုက်လုပ်ကြံခဲ့ပါတယ်ဂျင်ဆူရဲ့သမီးက သူ့အဖေဘာကြောင့် လုပ်ကြံခံရတယ်ဆိုတာကိုသိရှိပြီး ဥက္ကဌဂင်ဆီ ဆေးရုံစရိတ်နဲ့ လျော်ကြေးတောင်းဖို့ သွားခဲ့ပေမယ့် ဥက္ကဌဂင်ဟာ ရုတ်တရက်သေဆုံးသွားပါတယ် အဖေ့ ဆေးရုံစရိတ်အတွက် လျော်ကြေးရဖို့ ဘာမဆိုလုပ်မယ်ဆိုပြီး အဖေဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ဥက္ကဌဂင်ရဲ့ အလောင်းကို ခိုးယူပြီး ငွေညှစ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမယ့် သူတို့ အလောင်းမှားခိုးမိပြီး ခိုးလာတဲ့လူကလည်း အသက်ရှင်နေတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်မှာလဲဥက္ကဌဂင်ရဲ့အလောင်းကရော ဘယ်မှာလဲ ဓာတ်ခွဲခန်းက ခိုးယူသွားတဲ့ microchip ကရော ဘယ်သူ့ဆီမှာလဲရဲတွေကလည်း ဒီ microchip နောက်ကိုလိုက်နေကြတဲ့အခါ ဘယ်လို အလွဲလေးတွေ ဟာသေလေးတွေဖစ်မလဲဆိုတာ ...
movie

Over My Dead Body (2012)

Miss Baek (2018) 6.8
Miss Baek (2018) ဒီကား​​လေးက​​တော့ child abuse အ​ကြောင်းရိုက်​ထားတဲ့ဇာတ်​လမ်း​လေးပါ တကယ့်​ဖြစ်​ရပ်​မှန်​ကိုရုပ်​ရှင်​ရိုက်​ထားတာဆို​တော့ ရင်​ထဲ​တော်​​တော်​ထိပါတယ်​ ( ဘာသာပြန်​ရင်းမျက်​ရည်​​တောင်​ကျတယ်​ ) သရုပ်​​ဆောင်​​တွေကလည်းတကယ့်​အပိုအလိုမရှိသရုပ်​​ဆောင်​ထားတာပါ ​ message ​တွေအများကြီးနဲ့တကယ့်​အနှစ်​ကား​လေးပါ ကြည့်​ပြီးရင်​ ရင်​ထဲတစ်​ခုခု​တော့ကျန်​ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးက​တော့ ​​​ဘတ်​ဆန်းအာ(miss beak) ဟာ လူသတ်​ဖို့ကြိုးစားမှုနဲ့​ထောင်​ကျဖူးတဲ့အမျိုးသမီးတစ်​​ယောက်​ ငယ်​စဉ်​ကတည်းအ​ကြောင်းအမျိုးမျိုး​ကြောင့်​ အ​မေအရင်းက​နေစွန့်​ပစ်​တာကိုခံခဲ့ရတယ်​ ဒီလိုနဲ့ဘ၀ကိုဖြစ်​သလိုရပ်​တည်​လာရင်း မထင်​မှတ်​ပဲ​အေးစက်​​နေတဲ့​ဆောင်းညတစ်​ညမှာ လမ်း​ဘေးမှာထိုင်​ပြီးခိုက်​ခိုက်​တုန်​​နေတဲ့ ကိုးနှစ်​အရွယ်​မိန်းက​လေးတစ်​​ယောက်​နဲ့​စ​တွေ့ခဲ့တယ်​ အဲ့က​လေးမ​လေးကလည်းအ​ဖေအရင်းနဲ့ အ​ဖေဖြစ်​သူရဲ့အတူ​နေရည်းစားရဲ့နှိပ်​စက်​မှု​တွေကို အရွယ်​နဲ့မလိုက်​​အောင်​ခါးစည်းခံ​နေရတဲ့က​လေးမ​လေး ဒီက​လေးမ​လေးကိုဘတ်​ဆန်းအာက​တွေ့သွားတဲ့အချိန်​မှာ ဘတ်​ဆန်းအာက သူ့မရဲ့အတိတ်​ကဘ၀ကိုသတိရသွားပြီး ဒီက​လေးမ​လေးအ​ပေါ်သနားသွားပါ​တယ်​ ဘတ်​ဆန်းအာကဒီ​က​လေးမ​လေးရဲ့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေကို​တွေ့ပြီး က​လေးမ​လေးကိုနှိပ်​စက်​ကြတဲ့အ​ကြောင်းကိုသိသွားပါ​တော့တယ်​ ဘတ်​ဆန်းအာနဲ့ဒီက​လေးမ​လေး​တွေ့ပြီး ​ ဘာ​တွေဆက်​ဖြစ်​မှာလဲ ဒီက​လေးမ​လေးကို​ရော ဘတ်​ဆန်းအာကကယ်​တင်​နိုင်​မှာလား ဘတ်​ဆန်းအာကို​ရော သူ့အ​မေကဘာလို့စွန့်​ပစ်​သွားခဲ့တာလဲ ဆိုတာ​တွေကို​တော့ ဇာတ်​လမ်းထဲမှာပဲကြည့်​​ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie

Miss Baek (2018)

2018