Channel Myanmar

Jo Martin

100 Streets (2016) 5.8
100 Streets (2016)  မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

100 Streets (2016)

Chalet Girl (2011) 6.3
Chalet Girl (2011)  IMDB 6.3/10 Rotten Tomatoes 53%ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကိုပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်းမိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာသေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာအယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်းအကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့အခွင့်အရေး ရလာတဲ့အခါမှာတော့…သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမကဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက်ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Chalet Girl (2011)

97 Minutes (2023)
97 Minutes (2023) 97 Minutes (2023)လေယာဥ်ပြန်ပေးဆွဲကားကောင်းကောင်း ကြည့်ချင်သူများအတွက် "97 Minutes" ဆိုတဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ခရီးသည်လေယာဥ်တစ်စီးကို အကြမ်းဖက်တွေက စီးနင်းထားပြီး ဒီလေယာဥ်မှာလဲ လောင်စာက ၉၇ မိနစ်စာပဲကျန်ပါတယ်။ အကြမ်းဖက်တွေကလဲ ဘာမှဆက်သွယ်တောင်းဆိုချက်မျိုးမလုပ်ဘဲ လေယာဥ်ကိုသာထိန်းချုပ်ထားတဲ့အခါ သူတို့ရည််ရွယ်ချက်ကဘာလဲ။ မြေပြင်မှာလဲဒီကိစ္စကိုလှမ်းဖြေရှင်းမယ့် NSA ကဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကြားမှာ သဘောထားကွဲလွဲမှုတွေကရှိနေတော့ ခရီးသည်တွေရဲ့ကြမ္မာကဘယ်လိုဖြစ်မလဲ။ ခရီးသည်တွေအတွက် အခွင့်အရေးလေးတစ်ခုရှိနေတာကတော့ အကြမ်းဖက်တွေကြားမှာ အသွင်ယူထားတဲ့အေးဂျင့်တစ်ယောက်ရှိနေတာပါပဲ။ ဒါပေမဲ့ဒီအေးဂျင့်တစ်ယောက်ထဲလဲ ကျန်တဲ့သူအားလုံးကိုနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒီ ၉၇ မိနစ်အတွင်းမှာ ဒီပြသနာအားလုံးကိုဖြေရှင်းလို့ရနိုင်မလား အကြမ်းဖက်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ခရီးသည်တွေရဲ့ကြမ္မာကရောဘယ်လိုဖြစ်မလဲဆိုတာ plot twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ mystery ဇာတ်လမ်းကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 570MB | 285MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

97 Minutes (2023)

2023