Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jo Kuk Cho-Lam
6.8
Lost Love (2023)
Lost Love ( 2022 ) ===============ဟောင်ကောင်ရုပ်ရှင်Lost Loveဟာ ကလေးမွေးပြီး ရောဂါနဲ့ကလေးကို ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ အစပြုထားတယ်။ သူတို့လင်မယားဟာ လင်က ကျောင်းကားမောင်း မယားက စပယ်ယာလုပ်နဲ့ အသက်မွေးကြပေမဲ့ သူတို့လုပ်တဲ့ ကျောင်းကားလိုင်းက ဖျက်သိမ်းဖို့ အချိန်တန်လာခဲ့တယ်။ လင်ကတော့ ကားလိုင်းပြောင်းလုပ်လိုက်ပေမဲ့ မယားကတော့ အလုပ်မရှိတော့ဘူး။ သူတို့ကလေးဆုံးရှုံးခဲ့တာကို မေ့ဖျောက်ထားဖို့ အလုပ်တွေပဲဖိလုပ်နေတဲ့ သူ့မိန်းမဟာ အလုပ်အသစ်တစ်ခု စပ်လိုက်တယ်။ အဲဒီအလုပ်ကတော့ မွေးစားခံရမယ့်ကလေးတွေကို မွေးစားမယ့်လူဆီ မရောက်ခင် ခဏလောက် အထိန်းမွေးစားပေးရတဲ့အလုပ်ပါပဲ။ ကလေးတစ်ယောက်ကို အထိန်းမွေးစားတယ်ဆိုတာ ထမင်းကျွေး ကျောင်းကြို ကျောင်းပို့နဲ့ ပြီးသွားမယ်လို့ သူထင်ခဲ့ပေမဲ့ ကလေးရဲ့စိတ်ကိုပါ နားလည်ပေးနိုင်ဖို့လိုတဲ့ အလုပ်ဆိုတာကို သူတဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း ကလေးတွေကို ချစ်စိတ်တွယ်လာပြီး ဆုံးရှုံးသွားတဲ့ သူ့သားလေးအစား ဒီကလေးတွေကို ပိုချစ်လာခဲ့တယ်။ ဒီအလုပ်ဟာ သူ့အတွက် အလုပ်သက်သက်မဟုတ်တော့ဘဲ ...
movie
Lost Love (2023)
6.5
Vengeance (2009)
Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie
Vengeance (2009)
2009
6.0
Gorgeous (1999)
ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Gorgeous (1999)
6.6
(18+) Dream Home (2010)
ငယ်ငယ်ကတည်းက အစွဲအလန်းကြီးလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သဘာဝကျကျလေးရိုက်ကူးထားတဲ့ ဟောင်ကောင် (၁၈ +) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၈ + ဆိုတော့ သရေကျစရာလေးတွေလည်းပါမယ်၊ စိတ်လှုပ်ရှားစရာလေးတွေလည်းပါမယ်၊ သွေးသံရဲရဲတွေလည်း ပါပါမယ်။ ခံစားချက်စုံတာပေါ့နော်အားရှန်းငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာနေခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းရတော့ သူငယ်ချင်းရှိခဲ့တဲ့အိမ်၊ သူ့အဘိုးသဘောကျတဲ့အိမ်လေးဖြစ်ခဲ့တာမို့ အသက်ကြီးလာရင် ပင်လယ်ဘေးက ဒီအိမ်မှာပဲပြန်နေမယ်လို့ ဆုတောင်းခဲ့သူပါ။ပင်လယ်ကိုမျက်နှာမူတဲ့ sea view အခန်းကို အခုချိန်ပြန်ဝယ်ဖို့ဆိုတာ သာမာန်ဝန်ထမ်းအတွက် ဘယ်လိုမှမလွယ်ကူတဲ့စိတ်ကူးပါ။ ဒါပေမဲ့ စိတ်ကူးယဉ်အိမ်ကလေးဖြစ်တဲ့ တိုက်ခန်းကို ဝယ်ဖို့ ရရာအလုပ် အကုန်လုပ်ခဲ့ပါတယ်။ ပိုင်ရှင်နဲ့ဈေးညှိတဲ့အခါမှာတော့ “လူ ၁၁ ယောက် နှင့် ကိုယ်ဝန်ဆောင်သည် ၁ ယောက် အသတ်ခံရမှု”ဆိုတဲ့ သတင်းစာကိုကိုင်ပြီး ဘယ်လိုမျိုး ဈေးနှုန်းညှိနိုင်ခဲ့လဲဆိုတာတော့ ဆက်လက်ကြည့်ရအောင်ဗျာ.... File size…1.4GB / 600MB Quality…1080p BluRay / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle ...
movie
(18+) Dream Home (2010)
2010
5.6
The Detective 2 (2011)
အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective 2 (ခေါ်) <<B+侦探>> ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းဒီကားမှာတော့ ပထမကားတုန်းကလိုပဲ သူ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးနဲ့အတူ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါ မိဘတွေက ပစ်ထားခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရတာကို သိခဲ့ရပြီး လူသတ်ကောင်ကို မရမက ရှာဖွေဖော် ထုတ်တဲ့နောက်... ဘာတွေ ကြုံတွေ့ရမလဲ ... File Size__(1.7GB) / (870MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:45:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt
movie
The Detective 2 (2011)
6.6
The Detective (2007)
အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective (ခေါ်) <<C+侦探>> ဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းဒီထဲမှာတော့ တန်(မ်)လို့ခေါ်တဲ့ main cast စုံထောက်တစ်ဦးနဲ့ အစချီထားပါတယ် ငယ်ငယ်တည်းက မိဘတွေရဲ့ ထားခဲ့ခြင်းကို ခံရလို့ မိဘတွေကို လိုက်ရှာရင်း အလွတ်တမ်းစုံထောက်တစ်ယောက် ဖြစ်လာခဲ့တယ် ဇာတ်လမ်းထဲမှာ သူနဲ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးတို့ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါသူမိဘတွေကို ရှာဖွေနေတဲ့ကြား လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပြီး လူ၄ယောက် ဆက်တိုက်သေဆုံးမှုတွေလည်း ဖြစ်လာခဲ့တဲ့နောက်...သူတို့တွေ တစ်ချိန်ထဲနီးပါးသေတာကရော တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဆက်စပ်မှုတွေရှိနေတာလား ဘယ်လိုစုံစမ်းပြီးဘယ်လိုဖြေရှင်းလဲဆိုတာ ရုပ်ရှင်လေးကို ဆက်ကြည့်လိုက်ရအောင်ပါ ။File Size__(1.9GB) / (950MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:49:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt
movie
The Detective (2007)
7.2
Mad Detective (2007)
Mad Detective (2007)IMDb Rating (7.2)/Rotten Tomatoes (81%)ဒီဇာတ်ကားက မြင်နေကျ စုံထောက်ကားနဲ့မတူဘဲ အလွန်ပဲ ဒိပါတယ်... Mad Detective ဆိုတဲ့ အတိုင်း အရူးစုံထောက် ဘန်းရဲ့ အကြောင်းပါ..ဇာတ်လမ်းအကျဥ်းကတော့ ... ဘန်းဟာ စုံစမ်းစစ်ဆေးရေးမှာ အရမ်းကို တော်တဲ့စုံထောက်ဖြစ်ပေမယ့် သူ့ရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကြောင့် ရဲဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ် ဘန်းရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုကတော့ လူတွေရဲ့ အတွင်းစိတ်ကို လူတစ်ယောက်အသွင်နဲ့ မြင်နိုင်တာပါ...ရဲအရာရှိတစ်ယောက် ပါတနာနဲ့ အတူ သူခိုးဖမ်းရင်း ပျောက်ချင်းမလှ တစ်နှစ်ခွဲလောက်ပျောက်နေတဲ့ ဒီအမှုဟာ အရာရှိဟိုရဲ့ လက်ထဲရောက်လာပါတော့တယ် ရဲအရာရှိ ဟိုကတော့ ဘန်းကို လေးစားခဲ့ရသူတစ်ဦး ဖြစ်တဲ့အလျောက် ဒီအမှုကို ဘယ်လိုမှ မဖြေရှင်းနိုင်တော့ချိန်မှာ ဘန်းကို အကူအညီတောင်းပါတော့တယ်... ဘန်းဟာ တကယ်ပဲ ရူးကြောင်ပြီး လျှောက်ပြောနေတာလား အတွင်းစိတ်တွေကို တကယ် သိမြင်နိုင်တာလား... ဒါကိုတော့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာအမှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(1 ...
movie
Mad Detective (2007)
HEVC 1080p