Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jo Jae-yun
Tastes of Horror (2023)
Tastes of Horror (2023)***********************ကဲ ကျွန်တော်တို့ Channel Myanmar ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊CLC အဖွဲ့ဝင် Seunghee, Seung Yeon, Ye Eun ...
movie
Tastes of Horror (2023)
6.6
The Gossip (2021)
The Gossip (2021)ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲ သူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေ ဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်း အိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲ ရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် ..ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့ တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော် ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့ "မင်းသားက အဆင်လေးပါ အဆင်လေးပါ" ဒါပါပဲအညွှန်းကိုတော့ ...
movie
The Gossip (2021)
2021
6.7
The Scam(2009)
The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie
The Scam(2009)
6.2
The Pension (2018)
The Pension (2018)ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!!ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
The Pension (2018)
2018
7.0
Hero(2022)
Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie
Hero(2022)
6.6
Love Me Not(2006)
Love Me Not(2006)=================ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီးမင်းသားကြီး Kim Joo-hyukနဲ့ ပရိသတ်များအသိများတဲ့ My Little Bride၊Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့အေးစက်မာကြောတဲ့မျက်မမြင်မလေးမင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစားတဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာတွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာအဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်) File size…1.68GB / 627MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Drama , ...
movie
Love Me Not(2006)