Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jinu Joseph
6.1
Adios Amigo (2024)
Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adios Amigo (2024)
6.4
CIA: Comrade In America (2017)
CIA : Comrade in America (2017) "ချစ်သူရှိရာသို့..."IMDb 6.4Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ်ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ ....နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ... အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
CIA: Comrade In America (2017)
2017
5.2
Nalla Nilavulla Rathri (2023)
Nalla Nilavulla Rathri (2023)"မာယာဝဲဂယက်" =====================================နာမည်ကြီး မာလျာလမ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားကြတဲ့ သည်းထိတ်ရင်ဖို တောင်ပိုင်းရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။ သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲ အော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်း ကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။ ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့ တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်း အဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာ တစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့ ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.17GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nalla Nilavulla Rathri (2023)
2023
8.0
Antony (2023)
Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Antony (2023)
2023
6.8
Christopher(2023)
Christopher 2023 (IMDb 6.8/10)အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ........ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ File size…2.25GB / 1.1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie
Christopher(2023)
2023
8.5
Mike (2022)
Mike (2022) IMDb - 8.5/10ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်...ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံပေးနိုင်ကြဦးမှာလားစိတ်ဓာတ်တွေကျဆင်းသွားကြမလား...ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့....မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့...တစ်နေ့သူတို့နှစ်ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်..ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ...ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ...ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko
movie
Mike (2022)
2022
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
7.9
Virus(2020)
Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie
Virus(2020)
8.0
Anjaam Pathiraa(2020)
Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
Anjaam Pathiraa(2020)
7.3
Trance (2020)
Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie
Trance (2020)
2020
8.3
Ustad Hotel (2012)
Ustad Hotel ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖြစ်တော့ CM Fan တွေကို ပြန်ဝေမျှ ချင်တဲ့ စိတ်လေးဖြစ်ခဲ့တယ် အဲ့ဒီရုပ်ရှင်က အစားအသောက် အတွက်ရော လူတွေရဲ့ စိတ်အခြေအနေနဲ့ လူမှုရေး ဘ၀ တွေ ဘာသာရေးတွေ အရာအားလုံးကို ရောထွေးထားပြီး ပေးချင်တဲ့ မတ်ဆေ့ခ်ျ ထိရောက်ပါတယ်.... ဇတ်လမ်းပုံစံလေးကတော့ အဘူဒူရာဇတ် ဆိုတဲ့ အလုပ်ကြိုးစားတဲ့ လူ တစ်ယောက်ရှိတယ် သူ့ဇနီး က တစ်ရက်မှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး အဘူဒူ ကလဲ သားလေး အရမ်းလိုချင်နေတာပေါ့ တက်ကြွနေတာ မြင်မကောင်းဘူး ဒီလိုနဲ့ ခွဲခန်းထဲရောက်နေတုန်း အပြင်က စောင့်နေတာ အူဝဲ ဆိုတဲ့ အသံနဲ့ အတူ ဘာလေးလဲ ဆိုပြီး ၀မ်းသာအားရမေးလိုက်တော့ သမီးလေး ပါတဲ့ ဒီမှာတင်ပဲ အဘူဒူ တစ်ယောက် စိတ်တွေကျသွားတာ အောက်ဆုံးထိပါပဲ ဒါပေမယ့် သားလေးမွေးရမယ် ဆိုပြီး ထပ်ကြိုးစားတယ် သမီးလေးပဲ မွေးတယ် မွေးရင်း မွေးရင်း နဲ့ နောက်ဆုံး သမီးတွေပဲ ထွက်လာတော့ အတော်လေးလဲ စိတ်ကုန်နေပါပြီ မိန်းမ ဖြစ်သူ နောက်ဆုံးကိုယ်ဝန်နဲ့ ရှိနေတုန်း တစ်ခြားမြို့ ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားပါတယ် အဲ့ဒီမှာပဲ ဘေးနားမှာ အားပေးသူမရှိပဲ သူ့မိန်းမ ကလေးမွေးခဲ့ရပါတယ် ဒီတစ်ခါတော့ သားလေးပါ အဘူဒူ တစ်ယောက် အိပ်မက်တွေ ပြည့်ဝခဲ့ရပြီပေါ့... သားလေး နာမည်ကို ဖိုင်ဇယ် လို ပေးခဲ့ပြီး အရမ်းချစ်ခဲ့ရတာပေါ့....သူ့ခြေရာ သူ့စီးပွားရေးကို ...
movie
Ustad Hotel (2012)
2012