Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jin Seo-yeon
6.2
Romantic Island (2008)
Romantic Island (2008)ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့... မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Romantic Island (2008)
2008
5.9
Believer (2018)
Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူးနော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size… ...
movie
Believer (2018)
2018
Limit (2022)
Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size : 1.4GB, ...
movie
Limit (2022)
2022
7.5
Yaksha: Ruthless Operations(2022)
Yaksha: Ruthless Operations(2022) ဇာတ်လမ်းအညွှန်း*************************************************ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung-gu , Park Hae-soo , Hiroyuki Ikeuchi ပါဝင်ထားတဲ့ ဒီအက်ရှင်ကားဟာ ဘက်ဂျင်တွေအများကြီးအသုံးပြုထားတဲ့အတွက်တော်တော်ကြီ:ကိုမိုက်ပါတယ်...ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီးလျှို့ဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်.... Kang-in ဟာ သူလိုချင်တာရဖို့အတွက်ဆိုရင် ညှာတာမှုမရှိဘဲရက်စက်တတ်တဲ့သူဖြစ်တာကြောင့် "Yaksha" (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်... တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖို့အတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်... ဒီနေရာမှာ သူတို့ဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာအရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့...File Size :(0.9GB) and (346 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin ...
movie
Yaksha: Ruthless Operations(2022)
6.9
Love 911 (2012)
ကိုရီးယားတွေကဟာသကားဆိုလဲရယ်ရအောင်ရိုက်သလို ဟာသကားတွေထဲမှာတစ်ခါတစ်ခါ ဒရာမာအချိုးလေးတွေပစ်ပစ်ထည့်တတ်ပါတယ်။ အဲ့လိုကားမျိုးတွေကြည့်ရတဲ့အခါ ဟင်းမျိုးစုံချထားတဲ့ ထမင်းဝိုင်းထဲမှာ ထမင်းစားရသလိုမျိုးခံစားရပါတယ်။ အချိုလေးလဲပါတယ် အစပ်ကလေးလဲပါတယ် အချဉ်အငန်ကလဲ အပိုအလိုမရှိ ဒီ Love 911 ဆိုတာကလဲ အဲ့လိုဇာတ်ကားမျိုးပါ ဇာတ်လမ်းအညွှန်းကတော့ ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ အရမ်းကိုတော်ပြီး သွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့ သူပေါ့ ချောင်ဂန်လီကတော့ မီးသတ်သမားဖြစ်ပြီး လူမှုရေးညံ့ဖျင်း စကားကို အပြောအဆိုမတတ် ဘုဘောက်ပြောပြီးနေတတ်တဲ့သူပါ တစ်နေ့မှာဂင်မီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် လူနာက နှလုံးအဆို့ရှင်အစားထိုးထားခဲ့ဖူးတဲ့ လူဖြစ်ပြီး ခေါင်းကိုက်တာတွေအဆက်မပြတ်ဖြစ်လာတာကြောင့်အရေးပေါ် ရောက်လာတာပါ ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့ မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ် ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ် လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မင်းသားတို့ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာ လူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ် ဆေးရုံကလဲ ဂိုမီဆုကို ၃နှစ်ဆေးကုသခွင့်ပိတ်ထားခဲ့ပြီး ဂိုမီဆု သူငယ်ချင်းပါ အဆစ်ပါသွားပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာ ဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ် အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို ...
movie
Love 911 (2012)
2012