Channel Myanmar

Jimmy Chhiu

No Escape (2015) 6.8
No Escape (2015) No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့... အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်... ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်... ဒါပေမယ့် ...
movie

No Escape (2015)

2015
Close Range(2015) 5.7
Close Range(2015) Close Range (2015)=================အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသားScott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာမင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီးဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်းသူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းကရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးကအမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံးအရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင်ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရောအကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ.....မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ...အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay ...
movie

Close Range(2015)

Act of Valor(2012) 7.0
Act of Valor(2012)   Act of Valor (2012) ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်...ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်....ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်...အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်...ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ...ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာအမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ....သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား...အောင်မြင်ကြပါ့မလား...CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား....ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား...ခံစားကြည့်လိုက်ပါဦးဗျို့...စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း.......  File Size :(2.5GB) (1.1 GB) and (327 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie

Act of Valor(2012)

2012