Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jim Rash
6.8
Fly Me to the Moon (2024)
Fly Me to the Moon (2024)IMDb Rating (6.8) / Rotten Tomatoes (65%)ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။ လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။ အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ ကယ်လီကတော့ အရမ်းတော်တဲ့ ...
movie
Fly Me to the Moon (2024)
4K HEVC
5.3
Balls of Fury (2007)
Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie
Balls of Fury (2007)
One Hour Photo (2002)
IMDb - 6.8/10 ~ RT - 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ...
movie
One Hour Photo (2002)
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
6.4
Bros (2022)
CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်းတွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ ...
movie
Bros (2022)
4.7
Out of Office (2022)
Comedy Central ရဲ့ဟာသရုပ်ရှင်အသစ်လေးပါ။Eliza ဟာစိတ်လိုက်မာန်ပါလုပ်တတ်ပြီး စိတ်ထဲရှိတာကိုလွှတ်ခနဲပြောတတ်တဲ့အတွက် ဆက်ဆံရေးအဆင်မပြေလို့အလုပ်ခဏခဏအထုတ်ခံရသူပါ။Online ကနေ work from home ရတဲ့အလုပ်အသစ်ရလာတဲ့အခါမှာတော့ သူ့ရဲ့ Boss ဟာသူ့အိမ်ထောင်ရေးအဆင်မပြေတိုင်း Eliza ကိုပြဿနာရှာတတ်ပါတယ်။သူ့ဘော့စ်အိမ်ထောင်ရေးအဆင်ပြေဖို့ Eliza ကြိုးပမ်းရင် ပေါက်ကရတွေဖြစ်လာပါတာကိုကြည့်ရှုရမှာပါ။အခုခေတ် Work from home ကြတဲ့အခါကြုံရတတ်တဲ့ ပြဿနာတွေ ရယ်စရာကို ရိုက်ပြထားပါတယ်။ နာမည်ကျော် Comedian တွေဖြစ်ကြတဲ့ Ken Jong,Milana Vayntrub, Leslie Jones တို့အစုံအလင်ပါ၀င်ထားပါတယ်။File size…(1.4GB/(771MB)/(540MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Out of Office (2022)
6.1
Long Weekend (2021)
Long Weekend (2021) =================IMDb Rating - 6.1/10"အနာဂတ်နဲ့ပတ်သက်ပြီး အများကြီးမပြောနိုင်ပေမဲ့ တစ်နေ့တာကုန်ဆုံးသွားတိုင်း လူတွေဟာ တန်ဖိုးအထားခံရပြီး ပျော်ရွှင်ရတယ်ဆိုတဲ့ခံစားချက်ကို ခံစားချင်ကြဆဲ အချစ်ကို ရှာဖွေကြဆဲပါပဲ" လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ လွတ်ထွက်ဖူးမှာပါ ...အထူးသဖြင့် ဒီကားထဲက ဇာတ်ကောင် ဘက်လိုမျိုး အမေက ကင်ဆာနဲ့ဆုံး ကောင်မလေးကပစ်သွားတဲ့အပြင် အလုပ်ပါမရတဲ့အနေအထားမှာဆိုရင် ပိုလို့တောင်ဆိုးဦးမှာပေါ့။ဒီလိုအခြေအနေကနေ သူငယ်ချင်းဖြစ်သူကြောင့် နလန်ထခါစ ပြုလာတဲ့အနေအထားမှာ ကောင်မလေးတစ်ယောက်နဲ့ အမှတ်အထင် တွေ့ဆုံခဲ့ပေါ့ဗျာ။ ပျော်စရာနတ္ထိဖြစ်နေတဲ့ ဘဝမှာ အချိန်တိုအတွင်း ရင်းနှီးခဲ့ရတဲ့ ကောင်မလေးကသူ့အတွက် အရာရာလာဖြစ်ပေမဲ့ လက်ကိုင်ဖုန်းမရှိ၊ မှတ်ပုံတင်မရှိဘဲ ဒေါ်လာတစ်သောင်းလောက်ကို အထပ်လိုက် အိတ်ထဲထည့်ပြီး လိုက်သွားနေတဲ့ ဒီကောင်မလေးကို ထူးဆန်းစပြုလာတဲ့အချိန်မှာတော့.....ဘဝမှာ အဝေးကြီးကို လှမ်းမမျှော်ဘဲ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးနေထိုင်နိုင်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုပဲမလား ဒီဇာတ်ကားဟာ ခမ်းနားလွန်းတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်ပေမဲ့ ရင်ထဲရောက်စေမယ့် ရုပ်ရှင်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Amelia ဖြစ်ပါတယ်။)File Size -(1.5 GB) / (876 MB) / (417 MB) Quality – WebRip -(1080p) / (720p) / (480p) Duration - ...
movie
Long Weekend (2021)
2021
7.8
Captain America: Civil War (2016) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: Civil War (2016) MCU
2016
6.2
Red Shoes and the Seven Dwarfs (2020)
Red Shoes and the Seven Dwarfs (2020)==============================IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .#Unicodeအရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းကနေတစ်မူကွဲထွက်နေတဲ့ ကာတွန်းကားကောင်းလေးတစ်ကားလို့ပြောလို့ရပါတယ်။ဒီကားထဲမှာ ပါလေရာသူရဲကောင်း မင်းသားမာလင်နဲ့သူ့အပေါင်းအပါ၆ယောက်က ပါးစပ်သရမ်းတော့ စုန်းမတစ်ယောက်ရဲ့ကျိန်စာမိပြီး လူပုတိုလေး၇ယောက်ဖြစ်နေပါတယ်။ သူတို့ကျိန်စာကနေလွတ်ဖို့အတွက် ကမ္ဘာပေါ်ကအလှဆုံးသောမိန်းကလေးကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျတော့ တစ်မျိုး သူက ဘုတ်အီးမလေး သန်မာတယ် ချစ်ဖို့ကောင်းတယ်။ သူ့မိထွေးကစုန်းမသူ့အဖေကလည်း သူ့မိထွေးစုန်းမမှန်းသိတော့ စနိုးဝိုက်လေးကိုဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်းပျောက်သွားတယ်။စနိုးဝိုက်လေးက သူ့အဖေကိုရှာဖို့ သူ့မိထွေးဆီအသွား သူ့မိထွေးရဲ့ ထာဝရလှပစေမယ့် မှော်ဖိနပ်လေးကိုစီးမိပြီး တအားလှသွားရောသူစုန်းမလက်ကနေထွက်ပြေးရင်း သူ့အဖေမှာခဲ့တဲ့ သူရဲကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအချော်ချော်လေးတွေနဲ့ အဆုံးထိကြည့်ချင်အောင်ဆွဲဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာမြောက် animation ကားကောင်းလေးဖြစ်ပါတယ်။ အသံနောက်ခံတွေကတော့ မင်းသား မာလင်နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်နေရာမှာကတော့ ကော်ရီးတွေရဲ့အချစ်တော်အကိတ်မလေး Chloë ...
movie
Red Shoes and the Seven Dwarfs (2020)
2020
6.1
S1m0ne
လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie
S1m0ne
2002
6.2
Sky High (2005)
ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ အခုလက်ရှိထုတ်လွှင့်ပြသနေတဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File Size : 710 MB Quality : ...
movie
Sky High (2005)