Channel Myanmar

Jim Lau

No Escape (2015) 6.8
No Escape (2015) No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့... အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်... ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်... ဒါပေမယ့် ...
movie

No Escape (2015)

2015
The Hangover Part III (2013) Part 3 5.8
The Hangover Part III (2013) Part 3 The Hangover Part III (2013) IMDb Rating (5.8) / Rotten Tomatoes (20%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie

The Hangover Part III (2013) Part 3

2013
Flight of the Phoenix (2004)
Flight of the Phoenix (2004) ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ ...
movie

Flight of the Phoenix (2004)

Godzilla 2000: Millennium (1999) 6.0
Godzilla 2000: Millennium (1999) Godzilla 2000: Millennium (1999)=====================ဂေါ်ဇီလာဟာ ဂျပန်အတွက်တော့ သဘာ၀ရဲ့စွမ်းအားတစ်ရပ်ပဲဖြစ်ပါတယ်။သူ့နောက်ကြောင်းနဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေကို စိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်နဲ့ဝါသနာတူတစ်စုဟာ ဂေါ်ဇီလာခန့်မှန်းရေးကွန်ယက်ဆိုတဲ့ (GPN) ကိုဖွဲ့စည်းပြီး သူ့အကြောင်းတွေ ရောက်လာနိုင်မယ့်အချိန်ကိုခန့်မှန်းတွက်ချက်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အရေးပေါ်အခြေအနေထိန်းသိမ်းရေးအဖွဲ့ (CCI) ဟာ နှစ်သန်းပေါင်းခြောက်ဆယ်သက်တမ်းရှိ အမည်မသိယာဉ်ပျံကြီးတစ်ခုကိုရေအောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ မြေပေါ်ကိုပြန်တက်လာပြီဖြစ်တဲ့ ဂေါ်ဇီလာနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အပြင်းအထန်တိုက်ပွဲဆင်နွှဲနေကြပါတယ်။ တကယ်လို့ ဒီ ဂြိုလ်သားယာဉ်ပျံကြီးကပါ မိတ်ဆွေမဟုတ်ပဲ ရန်သူဖြစ်နေခဲ့မယ်ဆိုရင် အင်အားကြီး ရန်သူနှစ်ဦးကြားမှာ လူသားတွေအမှုန့်ခြေခံရတော့မှာပဲဖြစ်ပါတယ်။Godzilla 2000 ကတော့ Millennium era ရဲ့အဖွင့်ဇာတ်ကားပဲဖြစ်ပါတယ်။ပြန်လည်ခံစားကြည့်လို့ရပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Godzilla 2000: Millennium (1999)

The Edge of Her Mind Anthology (2022) 6.6
The Edge of Her Mind Anthology (2022) The Edge of Her Mind Anthology (2022)အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ ...
movie

The Edge of Her Mind Anthology (2022)