Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jim Cantafio
7.2
Live Free or Die Hard (2007) Die hard 4
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Live Free or Die Hard (2007) Die hard 4
2007
4K HEVC
7.7
Changeling (2008)
Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှုတွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie
Changeling (2008)
2008
8.1
Million Dollar Baby (2004)
Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations. ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie
Million Dollar Baby (2004)
2004