Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jim Broadbent
6.3
Perrier’s Bounty (2009)
ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie
Perrier’s Bounty (2009)
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
6.2
Closed Circuit (2013)
Closed Circuit (2013)IMDb Rating (6.2)လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှုတခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံသယရှိသူ တစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြပါတယ်…တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန်ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် ဒီအမှုကိုဆက်လက်စစ်ဆေးဖို့ ရှေ့နေ Martin Rose ကို လွှဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…ထူးခြားတာက သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေဖြစ်ကြတာကြောင့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ပက်သက်ဆက်နွယ်ခွင့်မရှိကြောင်း ကတိပေးထားရပါတယ်..တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှုအောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh ...
movie
Closed Circuit (2013)
7.9
Hot Fuzz (2007)
သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie
Hot Fuzz (2007)
2007
4K HEVC
Valiant (2005)
ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် ...
movie
Valiant (2005)
7.1
Nicholas Nickleby (2002)
အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie
Nicholas Nickleby (2002)
5.2
The Magic Roundabout (2005)
2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ငယ်ဘ၀ကိုပြန်လည်လွမ်းဆွတ်စေမဲ့ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout :The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချိုအရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကိုဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီကသကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီးသွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်းခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီးဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီးထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကိုသူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည်အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကိုဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေကဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size…1.65GB / 926MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 21m Genre ….. ...
movie
The Magic Roundabout (2005)
7.0
Iris (2001)
ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie
Iris (2001)
6.4
Robots (2005)
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ...
movie
Robots (2005)
2005
7.2
The Young Victoria (2009)
IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie
The Young Victoria (2009)
6.2
Indiana Jones and the Kingdom of the Crystal Skull (2008)
Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie
Indiana Jones and the Kingdom of the Crystal Skull (2008)
2008
4K HEVC
6.8
The Unlikely Pilgrimage of Harold Fry (2023)
ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ဘယ်ကပို့မှန်းလဲမသိ။သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာတစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwickupon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကိုမေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ်ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်ကအကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကိုစာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါသည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်းအဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက်ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီးကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwickupon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့အထိစောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲသူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။ File size…2.09GB / 702MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle ...
movie
The Unlikely Pilgrimage of Harold Fry (2023)
4.7
Superman IV: The Quest for Peace (1987)
Superman IV: The Quest for Peace (1987) ==============================စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ် လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေ DNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင် လိုက်ပါတယ် ။စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက် ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့က စူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.9 GB) / (646 MB) / (424 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM
movie
Superman IV: The Quest for Peace (1987)
1987
6.3
The Legend of Tarzan (2016)
ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး ...
movie
The Legend of Tarzan (2016)
2016
4K HEVC
6.5
Bridget Jones’s Baby (2016)
Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘတွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie
Bridget Jones’s Baby (2016)
2016
6
Bridget Jones: The Edge of Reason (2004)
Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလားဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie
Bridget Jones: The Edge of Reason (2004)
2004
6.8
Bridget Jones’s Diary (2001)
Bridget Jones's Diary (2001)~ IMDb - 6.8/10, RT - 80%, Meta - 66% ~Main Character တွေအဖြစ် Chicago လို Best Picture ရထားတဲ့ရုပ်ရှင်မှာ ကတ်သရင်းဇီတာဂျုန်းနဲ့ အပြိုင်ကြဲခဲ့တဲ့၊ တွမ်ခရုစ်ရဲ့ Jerry Maguire က မင်းသမီး Renée Zellweger က သရုပ်ဆောင်ပေးထားပြီး The King's Speech နဲ့ အော်စကာရထားတဲ့ Colin Firth နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Notting Hill မင်းသား Hugh Grant တို့ကလည်း ပါဝင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၉၆မှာထွက်ခဲ့တဲ့ နာမည်တူဝတ္တုကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုကတော့ 1813 ခုတုန်းက ထွက်ခဲ့တဲ့ နာမည်ကျော်ဂန္ထဝင်စာအုပ် Pride and Prejudiceကို ...
movie
Bridget Jones’s Diary (2001)
2001
The Borrowers (1997)
ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့်1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့(၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ..သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ..ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေကလူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား..အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကိုမိသားစုနဲ့အတူချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။File size…(3.36GB) / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Adventure / Comedy / Family Subtitle….Myanmar ...
movie
The Borrowers (1997)
7.3
Eddie the Eagle(2015)
Eddie the Eagle(2015) အညွှန်း************************* 1988 အိုလံပစ်က ဖြစ်ရပ်မှန် Eddie အကြောင်းကိုရိုက်ထားတဲ့မင်းသားကြီး Hugh Jackman ပါတဲ့ Sport, Drama ကားလေးပါEddie က ငယ်ငယ်တည်းက အိုလံပစ်မှာ ဝင်ပြိုင်ပြီး ချန်ပီယံဖြစ်ချင်ခဲ့တာပါဒါနဲ့ သူ တစ်သက်လုံး အားကစားတွေ တမျိုးပြီးတစ်မျိုးလုပ်လာခဲ့တယ်...နောက်တော့ နှင်းတောင်ပေါ် စကီးစီးတာကို Eddie ကြိုက်သွားပါတယ်...Eddie က ဒီအားကစားနဲ့ ပါရမီလည်း ပါတယ် ဒါပေမဲ့ အဖွဲ့မှာ အရွေးမခံရတော့ စကီးစီးရင်း တောင်ပေါ်က ခုန်တဲ့အားကစားကို ထပ်ရွေးပါတယ်...ဒီအားကစားက အသက်အန္တရာယ်အရမ်းများပြီး Eddie လိုလူသစ်ကဘယ်လို အိုလံပစ်ထိရောက်အောင်သွားမလဲ ကြည့်ရအောင်.... File Size : (1.4GB)(712MB) and (186MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:46:00 Genre : Adventure, Biography , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Eddie the Eagle(2015)
6.4
Charlotte (2021)
Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie
Charlotte (2021)
2021
1
2
Next