Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jill Scott
5.9
Why Did I Get Married? (2007)
Why Did I Get Married?ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ပြောရင် မှားမဖြစ်ပါဘူး။ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်ကစုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်းအဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့“သူက Right Person လား”ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ်သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားကအချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ...
movie
Why Did I Get Married? (2007)
2007
6.8
The Family Man (2000)
The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie
The Family Man (2000)
2000