Channel Myanmar

Jie Bing

Life Hotel ( 2024 ) 6
Life Hotel ( 2024 ) အားလုံးအတွက် ဒီနေ့မှာတော့ ဘဝတစ်ကွေ့အကြောင်း ပုံဖော်ရိုက်ကူးပြထားတဲ့ Life Hotel ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... ထိခိုက်စေမှုနဲ့ ထောင်ကျထားတဲ့ မိဘကလည်း လျစ်လျူရှုထားတာခံနေရတဲ့ ထောင်ထွက်တစ်ယောက်... ထောင်သက်တမ်းလွတ်လို့ ထွက်လာချိန်မှာ အိမ်ကလည်း တာဝန်မယူသလို... မိသားစုကလည်း လက်မခံ... ထောင်မကျခင်ကတော့အစ်ကိုဆိုပြီး မြှောက်စားခဲ့တဲ့ ညီအစ်ကိုတွေလည်း ဆက်သွယ်တာတောင် လက်မခံကြတော့ဘူး...ဒီအသိုင်းအဝိုင်းကလည်း ပြစ်မှုမှတ်တမ်းဆိုတာ အရေးကြီးတော့ ပြစ်မှုမှတ်တမ်းရှိသူကို တော်ရုံ အလုပ်လက်မခံကြဘူး... နှိမ့်ချချင်ကြတယ်... ဒီတော့ ဇာတ်လိုက် စန်းချင်းတစ်ယောက် ဘယ်မှာ အလုပ်ရသွားလဲဆိုတော့ ဆေးရုံနားက လိုင်ဖူဟိုတယ်ဆိုတဲ့ ငွေကြေးမပြေလည်လို့ ဆေးရုံမတက်နိုင်တဲ့သူတွေကို ငှားပေးတဲ့ တည်းခိုခန်းမှာ အလုပ်ရသွားတယ်...ဒီအလုပ်ကို သူလုပ်တာ အကြောင်းရင်းတစ်ခုတော့ ရှိနေတယ်... ဒီတော့ စန်းချင်းတစ်ယောက် ဒီဟိုတယ်မှာ အလုပ်လုပ်ရင်း ဘာတွေရမှာလဲ... သူမူလဦးတည်ချက်အတိုင်း ပြည့်ဝနိုင်မှာလား .. စိတ်ကူးပြောင်းသွားမလား...ဒီလိုင်ဖူဟိုတယ်ကရော တကယ်ပဲ ရိုးရိုးဟိုတယ်တစ်ခုလား... နှလုံးသားကပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မလို့ နှလုံးသားလေးနဲ့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Filesize : 1.48 GB / 888 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama ...
movie

Life Hotel ( 2024 )

Football Youth ( 2024 ) 5.8
Football Youth ( 2024 ) အကြောင်းကြောင်းကြောင့် အိပ်မက်ကိုစွန့်လွှတ်လိုက်ရပြီး ရေလိုက်ငါးလိုက်အဆင်ပြေသလိုနေနေတဲ့ ဘောလုံးသမားဟောင်းကြီးတစ်ယောက်ဟာ အထက်တန်းကျောင်းရဲ့ဘောလုံးအသင်းမှာ နည်းပြဖြစ်ဖို့အကြောင်းဖန်လာခဲ့တယ်။အစကတော့ လက်တလောပြဿနာဖြေရှင်းနိုင်ဖို့ ပိုက်ဆံရရုံသာလုပ်မယ်လို့ စဉ်းစားခဲ့ပေမယ့် ကလေးတွေကိုသင်ပြပေးရင် သူ့ရဲ့ငယ်ငယ်တုန်းက အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အချိန်တွေကို ပြန်အမှတ်ရလာတဲ့အခါ သူ့ရဲဘောလုံးအပေါ် စိတ်အားထက်သန်မှုတွေဟာ ပြန်ပေါ်လာခဲ့ပါတယ်။(၂)လအတွင်းမှာ ကြုံလာသမျှ အတားအဆီးတွေကိုကျော်ဖြတ်ရင်း ဘာမှမဟုတ်တဲ့ အထက်တန်းကျောင်းသားလေးတွေကနေပြီး နောက်ဆုံးဗိုလ်ပွဲကိုရောက်နိုင်တဲ့အထိ နည်းပြနဲ့တပည့်တွေအတူကြိုးစားကြတဲ့ အားရစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Football Youth ( 2024 )

King Of Hotpot ( 2022 ) 6
King Of Hotpot ( 2022 ) ချုံချင့်ဆိုတာနဲ့ များသောအားဖြင့်ကတော့ ဟော့ပေါ့ကို ပြေးမြင်မိကြမှာအမှန်ပါပဲနော် ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်ကြီး ချုံချင့် ဟော့ပေါ့နဲ့သက်ဆိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါရစေရှင်❏ ဒီဇာတ်ကားလေးကတော့ ချုံချင့်မြို့တော်က ဟော့ပေါ့ဆိုင်လေးတစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ❏ အလောင်းကစားမတ် ဖဲရိုက် မာကျောက်ကစားဖို့လောက်ပဲသိတဲ့-ကုန်းဟော်ဒီဟော့ပေါ့ဆိုင်သေးသေးလေးမှာပဲ တစ်ဘဝလုံးကို ကုန်ဆုံးမသွားချင်သူ ၊ အမြင်ကျယ်ကျယ်နဲ့ လောကကြီးတစ်ခွင် ခြေဆန့်ချင်သူ-ကျင်းရှန်းသူတို့ဆရာလဲဖြစ် အဖေလဲဖြစ်တဲ့ ကုန်းယောင်ကလဲ ဒီသားတပည့်ဖြစ်သူနှစ်ယောက်ရဲ့ မတူညီတဲ့စရိုက်တွေကြားမှာ စိတ်ဆင်းရဲရတဲ့အပြင် လေပါဖြတ်သွားခဲ့ရပါတော့တယ် အဲဒီနောက်မှာတော့ ဆိုင်ရဲ့ စီးပွားရေးတွေကျဆင်းကာ နောင်တတွေရပြီးနောက်မှာမှ ဆိုင်လေးကို ပြန်လည်ထူထောင်ဖို့ကြိုးစားခဲ့ပါတော့တယ်ကုန်းဟော်တစ်ယောက် ဟော့ပေါ့ပညာကို အခြေခံကနေစပြီးလေ့လာခဲ့တဲ့အပြင် သူ့ရဲ့ ဆရာတူအစ်ကိုဖြစ်သူ ကျန်းရှန်းနဲ့လဲ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ် တစ်ဖြည်းဖြည်းနဲ့ ဟော့ပေါ့လုပ်ငန်းအပေါ် ကုန်းဟော်တစ်ယောက် စိတ်ဝင်တစားဖြစ်လာခဲ့ပြီး မိသားစုရဲ့ နွေးထွေးသက်ဝင်မှုတွေကိုပါ နားလည်လာခဲ့ပါတော့တယ် ဒီတော့ ဒီဇာတ်ကားလေးအတွင်းမှာ ချုံချင့်ရဲ့ အလှအပတွေ ၊ ဟော့ပေါ့ရဲ့ တစ်စေ့တစ်စောင်း အကြောင်းစုံ အပြင် မိသားစုရဲ့ နွေးထွေးမှု အစရှိတာလေးတွေကို ဟာသနှောကာ ရိုက်ပြထားတာဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

King Of Hotpot ( 2022 )