Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jiang Luxia
5.9
Curbing Violence ( 2024 )
ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Curbing Violence ( 2024 )
6.1
The Wild Blade of Strangers ( 2024 )
ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie
The Wild Blade of Strangers ( 2024 )
6.1
Wolf Pack ( 2022 )
CM Chinese fan တို့အတွက် အခုအခါ my Dramalist မှာလည်း rating 8 ရထားပြီး budget ကောင်းသုံးထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်တဲ့ wolf pack ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ဝေးပေ့ ခေါင်ပေ့ အန္တရာယ်များပေ့ဆိုတဲ့ နေရာတွေကိုမှ ရွေးပြီး စေတနာ့ဆရာဝန်အဖြစ်လုပ်နေတဲ့ ခယ်ထုံဆိုသူတစ်ယောက်… ရုတ်တရက်ကြီး ကလေးတွေကိုကယ်ဖို့ဆိုပြီး လိုက်သွားရကနေ Cooley ကိုရောက်သွားခဲ့ပြီး တစ်ချိန်ကအလောင်းအင်္ဂါမစုံခဲ့တဲ့ အဖေ့နောက်ကွယ်အကြောင်းနဲ့ အဖေသေရတဲ့အကြောင်းကို ဖြည်းဖြည်းချင်းသဘောပေါက်လာတဲ့အပြင် အခုသူကြုံတွေ့နေရတဲ့ မစ်ရှင်နဲ့ အဖွဲ့အစည်းကိုပါ ဖြည်းဖြည်းချင်း ပုံဖော်ပြထားတဲ့ကားကောင်းလေးမို့ အက်ရှင်ကားကောင်းကြိုက်သူတို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်တော့နော် Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Wolf Pack ( 2022 )
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)
6.1
Double World (2020)
Double World(2020) အညွှန်း************************* အလယ်ပိုင်းလွင်ပြင်မှာ တောင်ပိုင်းဇောင်နဲ့ မြောက်ပိုင်းယန်တို့ကြား နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြတယ်၊တိုက်ပွဲက အနိုင်အရှုံးမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ နှစ်ဘက်စလုံးဟာ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ကြတယ်၊ဒါပေမဲ့ ဒီငြိမ်းချမ်းရေး သဘောတူညီမှုဟာ ဆယ်နှစ်တာပဲ ခံခဲ့ပါတယ်၊မြောက်ပိုင်းယန်ရဲ့ ဘုရင်အသစ် နန်းတက်လာတဲ့အချိန်မှာတော့ တောင်ပိုင်းဇောင်ကိုဆက်လက်သိမ်းပိုက်ချင်ခဲ့တယ်၊အလယ်ပိုင်းလွင်ပြင်မှာ သွေးချောင်းစီးမဲ့ စစ်ပွဲကြီးကို ထပ်မံ မြင်တွေ့ရတော့မှာပါ၊မြောက်ပိုင်းယန်ကလူတွေက တောင်ပိုင်းဇောင်ရဲ့ ဘုရင်ကို လုပ်ကြံဖို့ကြိုးစားလာပါတယ်၊ဒါကြောင့် တောင်ပိုင်းဇောင်ဟာ စစ်ပွဲအတွင်း စစ်သူကြီးနေရာကို ရွေးချယ်ဖို့အတွက်မျိုးနွယ်စု ရှစ်စုလုံးက စစ်သည်တော်တွေကို ဆင့်ခေါ်ခဲ့ကာ လူရွေးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်၊အဲ့ဒီနောက်မှာတော့....Fight Scene တွေ အတော်မိုက်...တရုတ်အက်ရှင်ကားကောင်းကြိုက်သူတွေတော့ လုံးဝ ဒေါင်းရကျိုးနပ်စေရပါလိမ့်မယ်.... File Size : 2.9GB, 1.5GB, 590MB Quality : WEB-DL1080P5.1Ch, 720p Format ...
movie
Double World (2020)
4.8
Naked Soldier (2012)
Naked Soldier (2012)_____IMDb - 4.8/10 ဒီဇာတ်လမ်းလေးထဲမှာတော့ ... အရာရှိလန် (ကွန်ဖူးဖက်တီး) ဟာ ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးမှုတစ်ခုကို ဖော်ထုတ်ခဲ့ပြီး တစ်လခန့်အကြာမှာတော့ သူ့ရဲ့တစ်မိသားစုလုံးဟာ ပြန်လည်လက်စားချေမှုကို ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ချစ်လှစွာသော သမီးလေးကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဆယ့်ငါးနှစ်အကြာမှာတော့ ကျွမ်းကျင်လေ့ကျင့်ထားသော လူသတ်သမားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အင်တာပိုမှလည်း အတွေ့အကြုံရှိသော အရာရှိလန်အား ပြန်လည်အလုပ်ခေါ်ယူရင်း မဒန်ရိုစ့် ခေါင်းဆောင်သော ရာဇဝတ်ဂိုဏ်းအား ချေမှုန်းဖို့ပြင်ဆင်ခဲ့ရာမှာ........။ အက်ရှင်ဇာတ်ကားဖြစ်ပြီး တိုက်ပေ့ခိုက်ပေ့ဆိုသည်များကို သဘောကျသော ပရိတ်သတ်တွေ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (Tartee Poe မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(909 MB) Quality…DVD-Rip Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie
Naked Soldier (2012)
2012