Channel Myanmar

Jiang Long

I Miss You ( 2024 ) 5.9
I Miss You ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် လူငယ်အချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်တဲ့ I Miss you ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝကိုရိုးရှင်းစွာနဲ့ အပူအပင်ကင်းမဲ့ဖြတ်သန်းနေတဲ့ ပိုင်ရှောင်ယွီဆိုတဲ့ ကောင်လေးတစ်ယောက်။ ငယ်စဉ်တည်းကမိဘတွေစကားများမှုကြောင့် စိတ်ဒဏ်ရာရထားတဲ့ ဝမ်ကျင်းကျင်းဆိုတဲ့မိန်းကလေး။ငယ်စဉ်တည်းက Edgar Allan Poe ဆိုတဲ့ သရဲပုံပြင်ကိုရေးတဲ့စာရေးဆရာကို အရူးအမူးကြိုက်နှစ်သက်ကြတယ်။ တနေ့အထက်တန်းစာမေးပွဲဖြေတဲ့နေ့မှာ ကံကြမ္မာဖန်တီးပေးမှုကြောင့်နှစ်ဦးသားတွေ့ဆုံခဲ့တယ်။နှစ်ဦးသားရဲ့ တွေ့ဆုံမှုအစက အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့ပေမဲ့ပိုင်ရှောင်ယွီကတော့ ဝမ်ကျင်းကျင်းကို မြင်မြင်ချင်းချစ်မိသွားတာပေါ့။ တက္ကသိုလ်လေးနှစ်လုံးသူတစ်ယောက်တည်း အတွက် နှလုံးသားတံခါးကိုသော့ခတ်ထားပြီး နေလာခဲ့ရင်းတနေ့မှာ သူမနဲ့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ဒီလိုနဲ့ ပြန်တွေ့ဆုံကြတဲ့အခါနှစ်ယောက်သား အကြိုက်တူနေတာတွေဝေမျှပြီး ပိုပိုနီးစပ်လာတဲ့အခါမှာ သူငယ်ချင်းကနေ ရည်စားအဖြစ်တက်လှမ်းကြတဲ့အချိန် ဘယ်လိုမျိုးလေးတွေတွေ့ကြုံလာရမလဲ။ပိုင်ရှောင်ယွီကောင်လေးက ပုံဆွဲဝါသနာပါပေမဲ့ ငယ်စဉ်တည်းကမျက်လုံးရောဂါဖြစ်နေတာကြောင့် ပုံဆက်မဆွဲနိုင်တဲ့ ကောင်လေး။ဝမ်ကျင်းကျင်းက စာရေးရတာဝါသနာပါတာကြောင့် စာရေးဆရာမဖြစ်ချင်တဲ့အိပ်မက်ကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။ဒီလူနှစ်ဦးကြားမှာ ကံကြမ္မာက ဘယ်လိုတွေဖန်တီးပေးဦးမလဲ။ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့မလဲစတာတွေကိုတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

I Miss You ( 2024 )