Channel Myanmar

Jia Zhengyu

Folk Tales of Treasure ( 2024 ) 5.7
Folk Tales of Treasure ( 2024 ) တုန်းပေ စန်းသောက်ရွာမှာ မိသားစုလေးတစ်စုရှိပါတယ် ။ သူတို့မိသားစုလေးက အစကတော့ အေးအေးချမ်းချမ်းနေထိုင်ကြပေမဲ့ တစ်နေ့မှာ သားဖြစ်သူက မြွေပါကတိုးဝါအသိုက်ကို မီးသွားရှို့ရာကနေ မြွေပါကတိုးဝါဆီက လက်စားချေခံရသလိုဖြစ်ပြီး အမေရောအဖေပါဆုံးပါးသွားပါတော့တယ် ။အဲဒီကလေးကို ရတနာစုဂိုဏ်းက ဂိုဏ်းချုပ်ကခေါ်ပြီး ပညာသင်ပေးရာက ရတနာစုသူ ခုံကျောင်းစူးဖြစ်လာခဲ့ပါတယ် ။ သူတို့ရတနာစုသူတွေက ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်တဲ့ဝိညာဉ်နဲ့ ဖြစ်တည်လာတဲ့ရတနာတွေကိုပဲစုစည်းရတာပါ ။ ဒီလိုနဲ့ ခုံကျောင်းစူးအရွယ်ရောက်တော့ တောင်အောက်ဆင်းပြီး ရတနာစုဖို့လုပ်ပါတော့တယ်။သူနေရာအနှံ့သွားရင်း ရွာတစ်ရွာအရောက်မှ ာ ‌သူ့မိဘတွေကိုသတ်သွားတဲ့ ဟွမ်ဖိကျစ် ( မြွေပါကတိုးဝါ ) သောင်းကျန်းနေတယ်ဆိုတဲ့သတင်းကြားရပါတော့တယ် ။ တကယ်တမ်းသွားကြည့်လိုက်တော့ ပြဿနာတွေက ထင်သလိုမရိုးရှင်းမှန်းသိသွားချိန်မှာတော့..ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး Filesize : 725 MB Quality : WEB-DL 1080p  Format : mp4 Genres : Thriller , Mystery Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

Folk Tales of Treasure ( 2024 )

Evil Spider ( 2023 ) 5.9
Evil Spider ( 2023 ) မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာ လုံတူးမြို့ကို တည်ထောင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်ဖို့အတွက် လုံချွဲ့တပ်ကို ဖွဲ့စည်းခဲ့တယ်။၁၂ နှစ်ကြာပြီးနောက်မှာ နဂါးဂိုဏ်းကို ပင့်ကူတွေက တိုက်ခိုက်ခဲ့တယ်။ လန်ယန်လဲ အဆိပ်မိသွားပြီး တစ်မြို့လုံးမှာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။လုံချွဲ့တပ်ခေါင်းဆောင် ဖန်းယွမ်နဲ့ နတ်မယ်တော် ကျီးရှင်းယဲ့တို့ဟာ မိစ္ဆာမြို့မှာ နတ်သမားတော် ကျန်းလျန်ဟွာကို ရှာပုံတော်ထွက်ခဲ့ပါတယ်။သူတို့ ၃ ယောက်သား အခက်အခဲအဆင့်ဆင့်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... မိစ္ဆာဂိုဏ်းဆက်ခံသူတို့က မြို့တော်ငြိမ်းချမ်းရေးကို ဖျက်ဆီးမဲ့ အကြံအစည်တွေကို တားဆီးနိုင်ပါ့မလားဆိုတာကိုခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Evil Spider ( 2023 )

Burning Peony ( 2022 ) 6
Burning Peony ( 2022 ) ပန်းမျိုးတစ်ရာပွဲတော်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပန်းဘုရင်မဟာ မသေမျိုးနတ်ဘုရားတွေရဲ့ ရှေ့မှောက်မှာ လုပ်ကြံခံရကာ အဆိပ်မိပြီး သက်တော်ကုန်ဆုံးသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဒဏ္ဍာရီတွေအရ ခွန်းလွင်တောင်ထိပ်မှာ တည်ရှိတဲ့ ယွင်ယန်းသု ဘုရား​ကျောင်းဟာ အရာအားလုံးကိုပြန်လည်ရယူဖို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ပေါင်နှံရတယ်ဆိုပြီး သတင်းပျံ့လွင့်လို့နေခဲ့ပါတယ် ပန်းဘုရင်မ သေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေဖို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ယွင်ယန်းသု ကျောင်းတော်ဆီကို ခရီးနှင်ခဲ့ပြီး ခရီးလမ်းမှာ နတ်ဘုရားအရှင်နဲ့တွေ့ဆုံခဲ့ပါတော့တယ်ဆောင်းရာသီ ပန်းမျိုးတစ်ရာပွင့်ချိန်ရောက်ပေမဲ့လို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ပန်းမပွင့်စေချင်ခဲ့ပါဘူး အဒီအတွက် ကောင်းကင်ဘုံက အပြစ်ပေးခြင်းခံရပြီးတော့ သူနဲ့တွေ့ဆုံကြုံကြိုက်ခဲ့တဲ့ နတ်ဘုရားအရှင်ဟာ သားရဲတစ်ကောင်အဖြစ်ပြောင်းလဲခံခဲ့ပြီး ပိုင်မူတန်းကိုယ်ပေါ်က မိုးကြိုးတွေ အပူတွေကို ငြိမ်အေးသွားစေခဲ့ပါတယ် အဲဒီနောက်မှာတော့ နှစ်ယောက်သားအတူတူ အမှန်တရားကို ရှာဖွေကြရင်း ချစ်ခင်စုံမက်ပြီးသွားတဲ့နောက်မှာ ယွင်ယန်းသုပိုင်ရှင်ဟာ မိမိနဲ့ တစ်ပုံစံထဲ တူနေတဲ့မိန်းမပျိုဖြစ်တဲ့အကြောင်း ပိုင်မူတန်းသိရှိသွားတဲ့အခါမှာ -❏ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရမလဲ ❏ အဲဒီအမျိုးသမီးဟာ ပိုင်မူတန်းချစ်ခင်ရတဲ့ အမျိုးသားနဲ့ရော ဆက်စပ်နေမလား ❏ ပန်းဘုရင်မကိုလုပ်ကြံခဲ့တဲ့ သတ်ဖြတ်သူကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလားဆိုတာ ရှုပ်ထွေးမှုများကြားကနေပြီး အဖြေရှာလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

Burning Peony ( 2022 )