Channel Myanmar

Ji Guanlin

The Umbrella Fairy ( 2024 ) 6
The Umbrella Fairy ( 2024 ) အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ... ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်... ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းက လှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်... ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါ စိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်...သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကို တာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါ သူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်း ကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့...ဇာတ်လမ်းလေးကတော့ ... ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်... ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်... ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ... ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်... မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့..ကဲ ...
movie

The Umbrella Fairy ( 2024 )

New Gods: Yang Jian ( 2022 ) 6
New Gods: Yang Jian ( 2022 ) ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင် တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ 《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ -“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ် တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့ လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ် အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ...
movie

New Gods: Yang Jian ( 2022 )

Jiang Ziya ( 2020 ) 6.4
Jiang Ziya ( 2020 ) Rating 6.4 နဲ့ အမိုက်စား Animation ဇာတ်ကားလေးNe Zha ပရိတ်သတ်တွေ ပိုပြီးနှစ်ခြိုက်သွားမှာသေချာတဲ့ ဒဏ္ဍာရီလာသူရဲကောင်း Jiang Ziyaရှန်းမင်းဆက်နှစ်များမှာ အမြီးကိုးချောင်းနှင့်မြေခွေးမိစ္ဆာဟာ လူ့လောကြီးကိုဖျက်စီးသောင်းကျန်းနေပါတယ်လူသားမျိုးနွယ်တွေကို ကယ်တင်ဖို့အတွက် ခွန်းလွန်တောင်မှ နတ်စစ်သည်များစုဆောင်းထားသည့်အနက်လူသားတွေကို ကာကွယ်စောင့်ရှောက်တဲ့နတ်တစ်ပါးဖြစ်လိုတဲ့ စစ်သည်တော် Jiang Ziya ဟာမိစ္ဆာနှင့်တိုက်ခိုက်ချိန်မှာ ကာကွယ်ရမဲ့အကြောင်းကိစ္စတစ်ချို့ကြောင့် အပြစ်ပြတ်မအောင်မြင်ခဲ့တဲ့အတွက်ကြောင့် ကောင်းကင်ဘုံစည်းကမ်းများချိုးဖောက်မှုနှင့် ပြစ်ဒဏ်ပေးခံရပါတယ်ပြစ်ဒဏ်အနေနဲ့ ခွန်းလွန်နဲ့ မြောက်ပင်လယ်မှမောင်းထုတ်ခြင်းခံရတဲ့ Jiang Ziya တစ်ယောက် ကောင်းကင်ဘုံပေါ်ကိုနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်ရောက်ရှိဖို့အတွက် မြေခွေးမိစ္ဆာရန်စွယ်ကိုဘယ်လိုဖယ်ရှားပေးဖို့ကြိုးစားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုကြပါဦးနော်Review By Htoo Htoo Ka JoeEncoded By LK
movie

Jiang Ziya ( 2020 )

2020
HEVC 1080p 5.1
Dragon Nest: Warriors’ Dawn 6.3
Dragon Nest: Warriors’ Dawn   တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီးလူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?ဘာတွေဆက်ဖြစ်လာကြမလဲ ?ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦးဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို ...
movie

Dragon Nest: Warriors’ Dawn

2014