Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jhansi
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
7.5
Happy Ending (2024)
Happy Ending 2024ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျိန်စာအတိုက်ခံလိုက်ရပြီး သောက်ကျိုးနည်းဘဝကို ပိုင်ဆိုင်သွားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဟာ့ရှ်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ကြည့်ချင်လွန်းပြီး အိမ်ကိုလိမ် ကျောင်းလစ်ပြီး ရုပ်ရှင်သွားကြည့်ပါတော့တယ်။ သူရုပ်ရှင်ကြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူတို့မြို့က တရားဟောဆရာကြီး ဘာဘာဆိုတဲ့ ဆွာမိကြီးဟာလည်း သူ့ရဲ့ချုပ်တည်းမှုကို စမ်းသပ်တဲ့အနေနဲ့ ရုပ်ရှင်ရုံထဲကို တိတ်တဆိတ် ရောက်ရှိလို့နေခဲ့ပါတယ်။ရုပ်ရှင်ကြည့်ကြရင်းနဲ့ မီးပျက်သွားတဲ့အခါ ပြဿနာဖြစ်ကြရင်း ဘာဘာရုပ်ရှင်ရုံထဲရောက်နေတာကို ဟာ့ရှ်က ဖော်မိသလိုဖြစ်သွားရကနေ ဘာဘာတစ်ယောက် အရှက်ရပြီး သိက္ခာတွေလည်း ကျသွားရပါတော့တယ်။ ဒီလိုနဲ့ ဘာဘာတစ်ယောက် သူ့ကို လူလေးစားမခံရအောင် လုပ်တာဟာ ဟာ့ရှ်ကြောင့်ပါဆိုပြီးတော့ ဟာ့ရှ်ကို သူစိတ်ဝင်စား ချစ်မြတ်နိုးတဲ့သူတိုင်း သေရပါစေဆိုပြီး ကျိန်စာတိုက်လိုက်တဲ့နောက်မှာတော့ ........ ဟာ့ရှ်တစ်ယောက် ဒီကျိန်စာကြီးနဲ့ ဘယ်လိုတွေ အထီးကျန်ဖြတ်သန်းရမလဲ ... မထင်မှတ်ဘဲ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ သူ့ရဲ့ကျိန်စာနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ...ကျိန်စာကိုရော ပျက်ပြယ်သွားအောင်လုပ်နိုင်ပါ့မလားဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်) File size…1.84GB / 825MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle ...
movie
Happy Ending (2024)
2024
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
7.3
Dasara (2023)
Dasara (2023) IMDb - 7.3/10မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကုဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့ Dasaraကိုတင်ဆက်ပေးချင်ပါတယ်ဗီရာလပိုင်ဆိုတဲ့ရွာလေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူတွေနေထိုင်ကြပါတယ် အရက်မသောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲနေကြသူတွေပါ ဒါတွေကြောင့်လည်း ဒီရွာလေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူတွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမစဲတသဲသဲပါပဲ ဒါတင်မကသေးပါဘူး ဒီဘားရဲ့ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူတွေအလေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးကလေးဘဝကတည်းကချစ်နေခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်နေတာကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်အကျိုးကိုပဲ အမြဲကြည့်ပေးနေခဲ့သူပါတစ်နေ့မှာတော့ ဗန်လာနီကိုတခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့လုပ်ကြတဲ့မိဘတွေကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်စေပြီး ဘားရဲ့ငွေကိုင်ရာထူးကိုရအောင်ကြိုးစားကြပါတော့တယ်ဒါပေမယ့်တကယ့်ပြိုင်ပွဲနောက်ကွယ်မှာတော့ ကြီးမှူးသူတွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လိုတွေလုပ်ကြမလဲ သူတို့တွေဒီလိုလှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရအောင်နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin
movie
Dasara (2023)
2023
6.8
Waltair Veerayya (2023)
Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
Aadavaallu Meeku Johaarlu (2022)
Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie
Aadavaallu Meeku Johaarlu (2022)
2022
7.0
Bangarraju (2022)
Bangarraju (2022)IMDb -7.1/10ဇာတ်လမ်းအကျဉ်း _ အရှင်ရှီဝဘုရားကျောင်းရဲ့ မြေအောက်ဘက်မှာတန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိနေကြောင်းသိရှိသွားတဲ့ လူရမ်းကားတစ်စုဟာဒီရတနာတွေကိုသိမ်းပိုက်ဖို့ အကြံမျိုးစုံထုတ်နေပါတယ်....ဘန်ဂါရာဂျူးနဲ့ နာဂါ့လက်ချမီးတို့နှစ်ယောက်ကတော့ကံကြမ္မာဇာတာခွင်အရအရှင်ရှီဝနဲ့ ပါဗသီတို့ရဲ့ဇာတာခွင်နဲ့ကိုက်ညီစွာမွေးဖွားလာခဲ့သူတွေပါသူတို့နှစ်ယောက်သာ ယူဖြစ်သွားရင် ကောင်းချီးတွေပဲပေါကြွယ်ဝမယ်ပေါ့ဒါပေမယ့် မယူခင်အထိမှာတော့ များစွာတဲ့ ဘေးအန္တရာယ်တွေကိုကျော်ဖြတ်ရမယ့်ဇာတာကလည်းရှိနေပါတယ်ဘန်ဂါရာဂျူးကိုမွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီးအဖေဟာလည်း ဒီဖြစ်ရပ်ကိုမေ့ပစ်ဖို့အမေရိကန်ကိုထွက်သွားပါတော့တယ်သိပ်မကြာခင်မှာပဲ အဖွားဖြစ်သူပါဆုံးပါးသွားတာကြောင့်ဘုရားသခင်ဆိုတာကိုအယုံအကြည်မရှိတော့တဲ့ရာဂျူးနဲ့...နာဂါ့လက်ချမီးကတော့ အရာရာမှာဉီးဆောင်နိုင်စွမ်းရှိတဲ့မိန်းကလေးတစ်ယောက်ပါရွာသူကြီးလုပ်မယ်ဆိုပြီးရွာကိုတက်အုပ်ချုပ်နေတော့ မတည့်အတူနေ ရာဂျူးတစ်ယောက်နောက်ကွယ်ကနေလိုက်စောင့်ရှောက်ရပါတော့တယ်ဒီလိုနဲ့ ဘုရားပစ္စည်းခိုးဖို့ကြံနေတဲ့လူမိုက်တွေနဲ့ သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါမှာတော့ ရာဂျူးတစ်ယောက်ဘယ်လိုအန္တရာယ်အခက်အခဲတွေနဲ့ရင်ဆိုင်ရပြီး ကာကွယ်သွားရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တာကြောင့် အိန္ဒိယဇာတ်ကားကောင်းရှာဖွေနေသူတွေအဖို့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုလက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni & Go-O & Allena & Haruko)ပဲဖြစ်ပါတယ် File size…1.6GB / 3.2GB Quality…720p AAC 2.0CH / 1080p AAC 2.0CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Allena & Haruko
movie
Bangarraju (2022)
2022
8.5
Thimmarusu: Assignment Vali(2021)
Thimmarusu (2021)"လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့အချိန်တွေအများကြီး ယူရပေမယ့်သူမကောင်းဘူးဆိုတာကိုတော့ စက္ကန့်ပိုင်းလေးအတွင်း လူတွေလက်ခံနိုင်ကြတယ်မင်းနာမည်ဘေးမှာ တွဲလျက်ရှိနေတဲ့လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်က သေတဲ့ထိပါသွားမှာကွဒါကြောင့် ဒီအမှုကို မင်းရင်ဆိုင်ရမှာ"လွန်ခဲ့တဲ့ ၈ နှစ်က လူသတ်မှုနဲ့ စွပ်စွဲခံရပြီးထောင်ကျခဲ့ရတဲ့ ကောင်လေးကိုအမှုပြန်ဖွင့်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့ရှေ့နေက ပြောတဲ့စကားတရားဥပဒေဆိုတာ လက်တစ်လုံးခြားပဲတဲ့မတရားမှုမှန်သမျှ ဖော်ထုတ်မယ်ဆိုတဲ့လူငယ်ရှေ့နေလေးကတော့ ဒီစကားကိုလက်မခံပါဘူးတုံးဆိုတိုက် ကျားဆိုကိုက်ပြီးအမှန်တရားသာဖော်ထုတ်မယ့် ရှေ့နေပေါ့ဒီလိုရှေ့နေတစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်ကအမှုဟောင်းကို စုံစမ်းရရောဗျာသာမာန်လျော်ကြေးငွေကိစ္စနဲ့ အမှုဆိုပြီးလိုက်ရာကနေတရားအစွဲခံခဲ့ရတဲ့သူဟာ တရားခံအစစ်မဟုတ်ဘဲထောင်ကျခဲ့တယ်ဆိုတာ သိသွားတဲ့အချိန်မှာတော့ရအောင်ဖော်ထုတ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်လှည့်ကွက်တွေ အများကြီးရှိနေတဲ့အပြင်မထင်မှတ်ထားတဲ့ လူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုကြီးကိုဆက်ပြီးဖော်ထုတ်လေ သူ့အတွက်အန္တရာယ်များလာလေဖြစ်လာခဲ့တဲ့အခါ...အန္တရာယ်ကြားကနေ အမှန်တရားဘက်တော်သားတစ်ယောက်ဒီအမှုကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုအိန္ဒိယဇာတ်ကားတို့ ထုံးစံအတိုင်း Dialog အလန်းတွေနဲ့ ရိုက်ပြထားပါတယ်ကြည့်ရှုလိုက်ကြပါဦး File size…2Gb / 1.22Gb / 600MB Quality…720p /480p / 1080pTRUE WEBDL DD+5.1 Format…Mp4 Duration….2h 7mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Amelia & ...
movie
Thimmarusu: Assignment Vali(2021)
2021
8.0
Maharshi (2019)
IMDb Rating - 7.9/102018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။ ---------------------------------------------------မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား ... ။အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။မိဘ...၊ ချစ်သူ...၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း ...
movie
Maharshi (2019)
2019
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
F2: Fun and Frustration(2019)
2019