Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jet Li
5.8
Mulan (2020)
Mulan (2020)IMDb Rating (5.8) / Rotten Tomatoes (72%)ဒီမူလန်ကားကတော့ တရုတ်ကားဆိုပေမယ့် English စကားပြော Disney ရဲ့ရုပ်ရှင်ဖြစ်ပါတယ်။ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇာတ်ကောင်ဆိုတာ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Live Action တွေ ပြန်ရိုက်လဲ ပရိတ်သတ်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇာတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. CM မှာ တင်ဆက်ထားတဲ့ Mulan ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=mulan ကြည့်ပါ။ File size…(5.7 GB)/(1.9 ...
movie
Mulan (2020)
2020
4K HEVC
6.4
The Kung Fu Cult Master (1993)
တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။. နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်း ပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများ ကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ..သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Kung Fu Cult Master (1993)
6.3
The New Legend of Shaolin ( 1994 )
ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို ...
movie
The New Legend of Shaolin ( 1994 )
Contract Killer (or) Hitman (1998)
ကြေးစားလူသတ်သမားတွေဆိုတာ ပိုက်ဆံအတွက် လူသတ်ကြပါတယ် ဒေါ်လာ သောင်းဂဏန်း သိန်းဂဏန်းသန်းဂဏန်း အတွက်ပေါ့ ဒါပေမယ့် မကြာသေးမီက ထူးဆန်းတဲ့ကြေးစားလူသတ်သမားတစ်ဦး ထွက်ပေါ်လာပါတယ် ... သူဟာ မကောင်းသတင်းနဲ့ ကျော်ဇောသူတွေကို အခကြေးငွေမယူပဲ သတ်ဖြတ်သူ တစ်ဦးပါ သူရဲ့နာမည်ကတော့...." သေမင်းတမန်တော်".................။မင်းသားကြီးဂျက်လီရဲ့ နုငယ်စဉ်က အသေဖိုက်ခဲ့တဲ့ ဇာတ်ကားပါ။ Rating လဲကောင်းတာမို့ ကျွန်တော်တို့ကလေးဘဝရဲ့ သူရဲကောင်းကြီးကို ပြန်လည်ခံစားရအောင်ပါ။ File size... 2.59 GB , 1.25 GB Quality…Bluray Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….LK Translated by Alias
movie
Contract Killer (or) Hitman (1998)
War (2007)
ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie
War (2007)
6.5
The Forbidden Kingdom (2008)
ဟောလိဝုဒ်က အာရှအက်ရှင်ဖိုက်တင်ခန်း | The Forbidden Kingdom (2008)Bruce Lee မရှိတော့တဲ့နောက်ပိုင်းမှာ တရုတ်အက်ရှင်လောကမှာ ဟောလိဝုဒ်ကိုတက်သွားနိုင်တဲ့ သရုပ်ဆောင်တွေက တော်တော်လေးကျသွားတယ်လို့ပြောရမယ်။ ဂျက်ကီချန်း၊ ဂျက်လီ၊ ဒွန်နီယန်း၊ မီရှဲယို တို့အပြင် ဒန်နီရယ်ဝူတို့လည်း ဟောလိဝုဒ်အထိတက်လာနိုင်တယ်ပြောရမှာပဲ။သိုင်းရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်တိုင်းရဲ့အိပ်မက်တစ်ခုက နာမည်ကြီးတဲ့ အက်ရှင်မင်းသားတွေ ဘတစ်ပြန်ကျားတစ်ပြန်၊ သူသေကိုယ်သေအကြိတ်အနယ်ထိုးကြကြိတ်ကြတာကို အရသာရှိရှိကြည့်ရှုချင်ကြတာပါပဲ။ တရုတ်ရုပ်ရှင်လောကမှာတော့ ကျန်းရိမုံကြီးက Hero မှာ လျန်ကျီးဝေ၊ ဂျက်လီ၊ ဒွန်နီယန်းတို့ကိုဆုံပေးပြီး ဖိုက်တင်ချခိုင်းသလို တခြားတခြားတရုတ်အက်ရှင်တွေမှာလည်း နာမည်ကြီးတဲ့ခေါင်းကြီးပိုင်းမင်းသားတွေကို ခဏခဏသူသေကိုယ်သေဖိုက်ခိုင်းတာတွေရှိခဲ့တယ်။နာမည်ကျော် Journey to the West ဝတ္ထုကို တရုတ်ကရော၊ ဟောလိဝုဒ်ကပါ ဗားရှင်းပေါင်းစုံနဲ့ ရိုက်ကူးဖန်တီးခဲ့သလို မျိုးစုံသောရသတွေနဲ့ ဖန်တီးမှုတွေကို ပရိသတ်တွေကြည့်ရှုခဲ့ရတယ်။ အထူးသဖြင့် Disney ရဲ့ American Born Chinese ဆိုတာကတော့ Journey to the west ကိုမှ ...
movie
The Forbidden Kingdom (2008)
7.6
Fearless(2006)
တရုတ်ပြည်ရဲ့ဝူရှူးကို တစ်ကမ္ဘာလုံးသိအောင် အသက်သွင်းခဲ့ပေးတဲ့ ဟို့ရွမ်ကျားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဟို့ရွမ်ကျားနေရာမှာ ဂျက်လီကပြန်ပြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဟို့ရွမ်ကျားရဲ့ဘဝဇာတ်လမ်းကို ပီပီပြင်ပြင်နဲ့ ဟာကွက်မရှိဖော်ပြနိုင်ခဲ့သလို တရုတ်သိုင်းကားတွေရဲ့ထုံးစံအတိုင်း fight scene တွေပါပြောစရာမရှိအောင် မိုက်တာမို့ ဝမ်းနည်းပူဆွေးနဲ့အံ့ဩမင်သက်မှုရောထွေးပြီး ကြည့်ရလို့ ဘာသာပြန်သူပါနှစ်ခါပြန်ကြည့်မိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်ဗျ။ File size…2.55GB / 1.32GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Aciton , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasaahi
movie
Fearless(2006)
5.2
The Mummy: Tomb of the Dragon Emperor (2008)
ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Mummy: Tomb of the Dragon Emperor (2008)
2008
6.9
The Legend II ( 1993 )
ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK
movie
The Legend II ( 1993 )
6.6
Lethal Weapon 4(1998)
Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie
Lethal Weapon 4(1998)
5.9
Dragon Fight (1989)
Dragon Fight (1989)ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက ...
movie
Dragon Fight (1989)
1989
5.7
Dr. Wai in the Scripture with No Words (1996)
\ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie
Dr. Wai in the Scripture with No Words (1996)
6.5
The Bodyguard from Beijing: The Defender (1994)
The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie
The Bodyguard from Beijing: The Defender (1994)
1994
1080p HEVC
6.1
The Expendables 3 (2014)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.1/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie
The Expendables 3 (2014)
2014
HEVC 1080p 5.1
6.6
The Expendables 2 (2012)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie
The Expendables 2 (2012)
2012
HEVC 1080p 5.1
6.5
The Expendables (2010)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
The Expendables (2010)
2010
HEVC 1080p 5.1
7
The Warlords (2007)
The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie
The Warlords (2007)
7.9
Hero (2002)
Hero (2002) IMDb - 7.9/10_____Rotten - 95% Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie
Hero (2002)
2002
4.7
Badges of Fury (2013)
မင်းသားကြီးဂျက်လီက အခုခေတ်နဲ့သိပ်အံမဝင်တော့ သိုင်းသမား ရဲစုံထောက်အိုကြီး....ပေါ့ပါးစွာသရုပ်ဆောင်တတ်တဲ့ မင်းသား Wen Zhang က အခုခေတ်လူငယ်တွေလို သွက်လက်ထက်မြက်ပေမယ့် လုပ်လိုက်ရင် လွဲလွန်းတဲ့ ရဲစုံထောက်...You are The Apple of My Eye ရဲ့မင်းသမီးချော Michelle Chen က ချစ်စဖွယ်အမူအရာနဲ့ ရဲရင့်တဲ့ ရဲမေစုံထောက်....မင်းသမီး Liu Shishi က တည်ငြိမ်အေးချမ်းတဲ့အလှတွေနဲ့ နိုင်ငံကျော်မင်းသမီး...တက်သစ်စမင်းသမီး Liu Yan က မြင်သူတိုင်းငေးရတဲ့ ညှို့အားပြင်း အလှတွေနဲ့ လျှို့ဝှက်ချက်အပြည့်နဲ့မိန်းမပျို..စသည်ဖြင့် မင်းသားမင်းသမီးစုံစုံလင်လင်ပါဝင်ထားပါတယ်။Action, Comedy, Mystery အမျိုးအစားဖြစ်ပြီး နားနားနေနေကြည့်သင့်တဲ့ Comedy ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်ကတော့ သိပ်ကြိုက်ပါတယ်...ဒါကြောင့် ဘာသာပြန်အသစ် BluRay Quality အစစ်နဲ့ ပြန်လည်တင်ဆက်လိုက်တာပါ။ File size…(1 GB) and (500 MB) Quality…BluRay.720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Badges of Fury (2013)
2013
5.1
Guardians of Martial Arts (2017)
အလီဘာဘာရဲ့သူဌေးကြီးဂျက်မတစ်ယောက် လမ်းလျှောက်နေတုန်းမှာ ချုံကြားထဲကနေ ရုတ်တရတ်ဝင်ပေါက်တစ်ခုပေါ်လာပါတော့တယ် အဲ့ချုံနောက်မှာရှိနေတာကတော့ တကယ့်သိုင်းသမားကောင်းတွေချည်းဖြစ်ပါတယ် ကိုယ်ဖော့သိုင်း ထိုက်ချိ ကွန်ဖူး ဘာညာပေါ့ဗျာ ဂျက်မကရောဘာသိုင်းတွေတတ်နေမလဲ သူပြန်ထွက်လို့ရော ရပါ့မလား ဘာသာပြန် အညွှန်းနဲ့ အန်ကုတ်ပေးတာကတော့ ကျွန်တော်sithuပါ
movie
Guardians of Martial Arts (2017)
2017
1
2
Next