Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessie Mae Alonzo
5.8
Greatest Days (2023)
ကိုယ်ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းတွေနဲ့ရူးသွပ်ခဲ့တဲ့အရာလေးတွေ အမှတ်တရတွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ ဒီ Greatest Days ဆိုတဲ့ဇာတ်ကားလေးထဲမှာလဲ မိန်းကလေးသူငယ်ချင်းငါးယောက်ရဲ့ငယ်ငယ်တုန်းက The Boys ဆိုတဲ့ယောက်ျားလေးအဆိုတော်အဖွဲ့ကိုရူးသွပ်ခဲ့ပုံတွေ သူတို့ရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကိုရိုက်ကူးထားတာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် အမှတ်တရတွေဆိုတာကပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေရှိသလို ဝမ်းနည်းစရာအမှတ်တရတွေလဲရှိပါတယ်။ဒီလိုနဲ့သူတို့ငါးယောက်မှာ ဝမ်းနည်းစရာအမှတ်တရတစ်ခုကိုကြုံခဲ့ပြီးတဲ့ အချိန်ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းတွေလဲလူစုကွဲသွားကြပြီး ၂၅ နှစ်ကြာမြင့်သွားခဲ့ပါတယ်။ဒီလိုနဲ့ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာသူတို့သူငယ်ချင်းတွေထဲက ကောင်မလေးတစ်ယောက်က ငယ်ငယ်တုန်းကရူးသွပ်ခဲ့ရပြီး အခုထက်ထိလဲရူးသွပ်နေတဲ့ The Boys အဖွဲ့ရဲ့ပြန်လည်ဆုံစည်းခြင်းဖျော်ဖြေမှုပွဲကိုသွားဖို့ ကံစမ်းမဲလက်မှတ်ကံထူးသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ကွဲတစ်ပြားဖြစ်နေတဲ့သူငယ်ချင်းတွေကို ပြန်လည်စုစည်းပြီးတော့အဲ့ဒီခရီးစဉ်ကိုအတူတူသွားကြတဲ့ပုံတွေနဲ့ သူတို့ရဲ့ငယ်ဘဝတွေနဲ့လက်ရှိ ဘဝတွေမှာ ဘာတွေများကွာခြားသွားလဲဆိုတာတွေကို ကြည့်ပြီးတော့ငယ်သူငယ်ချင်းတွေကိုပြန်အမှတ်ရစေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.09GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Greatest Days (2023)
5.9
Little Joe (2019)
ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးကCannes Best Actress Awardရထားပါတယ်။ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်ကအပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီးLittle Joeလို့နာမည်ပေးလိုက်တယ်။ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးကLittle Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲသူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့အခိုင်အမာပြောဆိုပါတယ်။Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့....ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်းအရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။...
movie
Little Joe (2019)