Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessica St. Clair
5.6
Wanderlust (2012)
Wanderlust (2012)Paul Rudd ရယ်...Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်...အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်းမတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်းအေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ...။ File size….(3 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Wanderlust (2012)
6.5
It’s Complicated (2009)
၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie
It’s Complicated (2009)
2009
7.0
Enough Said (2013)
Genre – Comedy, Romance, Drama IMDB – 7.0/10အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်းထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုကဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲလက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်းကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထားတာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီသမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ်သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက်ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်ကအဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်းကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်းစာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ်ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ်အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမဆိုသူက ကိုယ်နှိပ်ပေးနေကြ ...
movie
Enough Said (2013)
6.5
Life As We Know It(2010)
ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါတော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie
Life As We Know It(2010)
6.8
Bridesmaids (2011)
Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေအတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie
Bridesmaids (2011)
2011
6.4
She’s Out of My League (2010)
She's Out of My League (2010) IMDb - 6.4/10_____Rotten - 58%ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ကို အောင်မြင်မှုတွေနဲ့ တိုင်းတာတွက်ချက်နေတဲ့ ခေတ်ကြီးမှာ ရိုးသားတဲ့အချစ်အကြောင်းကို မီးမောင်းထိုးပြထားပြီး အချစ်မှာ နားလည်မှုသာ အရေးကြီးတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အလွန်သဘောမနောကောင်းတဲ့ကောင်လေးနဲ့ အလွန်လန်းတဲ့ကောင်မလေးတို့ဇာတ်လမ်းကို အလွန်ဘော်ဒါပီသတဲ့ဇာတ်ပို့တွေနဲ့ ရသစုံအောင် တင်ဆက်ထားပါတယ်။ မကြည့်ရသေးရင်တော့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb Rating(6.4/10) ရရှိထားတဲ့ ဇာတ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
She’s Out of My League (2010)
2010
1080p Untouched
5.3
Superintelligence (2020)
Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊ ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016) စတဲ့ Comedy,Action ...
movie
Superintelligence (2020)
2020
4.2
Like a Boss (2020)
ဒီကားလေးကတော့နာမည်ကြီးမင်းသမီးတွေပါဝင်ထားတဲ့ဟာသနဲ့သူငယ်ချင်းဆက်ဆံရေးလေးအကြောင်းကိုရိုက်ကူးပြထားတဲ့ကားလေးပါမီယာနဲ့မဲလ်တို့က သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအသေးလေးဖြစ်တဲ့အလှပြင်ဆိုင်နဲ့မိတ်ကပ်တွေထုတ်တဲ့ကုမ္ပဏီအသေးလေးကိုတူတူလုပ်ကိုက်နေကြတဲ့အရမ်းကိုချစ်တဲ့သူငယ်ချင်းကောင်းတွေပါဒါပေမယ့် လုပ်ငန်းကအဆင်ပြေတာနည်းနည်း မပြေတာများများဖြစ်နေတာကြောင့် အကြွေးတွေဝိုင်းပြီးပိတ်ရလုစဲစဲဖြစ်နေတုန်းမှာပဲစီးပွားရေးကိုနားလည်ပါးရိုက်လုပ်တတ်တဲ့makeup industry ကကလဲရီတစ်ယောက်နဲ့ဆုံတွေ့တဲ့အချိန်မှာ....သူတို့နှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်တဲ့စိတ်တွေသူငယ်ချင်းဆက်ဆံရေးတွေကို ကလဲရီဘယ်လိုတွေဖျက်စီးပစ်မလဲသူတို့နှစ်ယောက်ကရောဘယ်လိုတွေရှေ့ဆက်မလဲဆိုတာလူတွေရဲ့စိတ်နေစိတ်ထားပြောင်းလဲမှုတွေ မနာလိုမှုတွေလောဘတွေကိုဟာသလေးတွေနဲ့သေချာရိုက်ပြထားတာပါ File Size : ( 784 MB , 344 MB) Quality : BluRay 720p Running Time : 1 hr 23 min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue & Moe Lay Encoded by Moe Myint Lwin
movie
Like a Boss (2020)
6.4
The Dictator (2012)
The Dictator (2012) IMDb - 6.4/10_____Rotten - 57% ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့..... File Size : 708 MB File Type : Mp4 Quality : Bluray rip Duration : ...
movie
The Dictator (2012)
2012