Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessica Rothe
6.7
Boy Kills World (2024)
ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီးရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgårdပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီးAction တွေကလည်း The Raid ကို မှီနေတယ်။ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာသတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း*****************ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်းမြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာလုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကိုဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာတောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့တက်လာပါတယ်။ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီးအသားကုန် ချကြတာ အဆုံးအထိပါပဲ။ ...
movie
Boy Kills World (2024)
4K HEVC
6.0
Parallels (2015)
လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာတွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးကနေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ...
movie
Parallels (2015)
8.4
La La Land (2016)
(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie
La La Land (2016)
2016
4K HEVC
All My Life (2020)
IMDb Rating (6.2) ရရှိထားတဲ့ အသစ်စက်စက် အချစ်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့...ဆောလ်မွန်ချောင်နဲ့ ဂျန်နီဖာကာတာတို့ဟာ အမှတ်မထင်တွေ့ဆုံရာကနေ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်.. ပျော်ပျော်နေတတ်တဲ့သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း လက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့ပါတယ်..ဒါပေမဲ့ သူတို့နှစ်ယောက်ကြား မမြင်ရတဲ့ လောကဒါဏ်တစ်ခု ရောက်ရှိလာတဲ့အခါမှာတော့... သူတို့နှစ်ဦး အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ.. သူတို့ရဲ့ အိမ်မက်တွေနဲ့ စီခြယ်ထားတဲ့ မျှော်လင့်ခြင်း ကောင်းကင်ကြီး တောက်ပနေဦးမလား...စိတ်ဝင်စားစရာပါ...ဒီဇာတ်ကားလေးမှာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကိုသာမက သူငယ်ချင်းသံယောဇဉ်နဲ့မေတ္တာကိုပါခံစားရမှာဖြစ်တဲ့အပြင် စကားလုံးတွေ စာသားတွေကလည်း အချစ်ကို ကိုးကွယ်လာဖို့ ထိုက်တန်နေခဲ့ပါတယ်...ထူးခြားတာကတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ...ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခံစားဖို့ လက်တွေ့ဆန်လွန်းနေမှာပါ..။ချစ်ခြင်းကို ယုံကြည်သူများအဖို့ Romantic, Heart-warming ဇာတ်လမ်းလေးကို ကြည့်သင့်တယ်လို့ ညွှန်းဆိုချင်ပါတယ်။ File size…(1.6 GB) and (900 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat Now Maung
movie
All My Life (2020)
5.5
Valley Girl(2020)
Valley Girl(2020) ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး ...အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့...။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်...မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်....ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါနော်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : (950 MB) and (310 MB) Quality : WEB-DL ...
movie
Valley Girl(2020)
6.2
Happy Death Day 2U(2019)
Happy Death Day 2U(2019) IMDb.....6.2 ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့ ...
movie
Happy Death Day 2U(2019)
2019
6.1
Forever My Girl (2018)
ဒီဇာတ္ကားဟာ ၂၀၁၈ ခုႏွစ္မွာထြက္ရွိထားတဲ့ ဒရမ္မာအမ်ိဳးအစားကားျဖစ္ပါတယ္။။ ကန္းထရီးအဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ လီယမ္ဟာ ေအာင္ျမင္မႈေနာက္ကိုလိုက္ရင္း ခ်စ္သူေကာင္မေလးကိုလက္တြဲျဖဳတ္ခဲ့ပါတယ္… ေနာင္ရွစ္ႏွစ္အၾကာမွာေမြးရပ္ေၿမကသူငယ္ခ်င္းေဟာင္း တစ္ေယာက္ရဲ႕အသုဘကိုလာရင္းနဲ႕ သူတို႕အခ်င္းခ်င္းေတြ႕ဆံုဖို႕ၿဖစ္လာပါေတာ့တယ္.... ေအာင္ၿမင္မႈႈ႕ေနာက္ကိုလိုက္ရင္းနဲ႕ ခ်စ္ရေသာခ်စ္သူကိုပစ္ထားခဲ့ရေပမယ့္ လီယမ္မွာ သူ႕ခ်စ္သူေကာင္မေလးရဲ႕ေနာက္ဆံုးပို႕ထားတဲ့ Voice Message ေလးရွိတဲ့ ဖုန္းအစုတ္ေလးကိုပဲ ၈ ႏွစ္ၾကာၾကာေပေတကိုင္ရင္း မနက္ႏိုးတိုင္း အိပ္ခါနီးတိုင္း ေန႕တိုင္းကိုအဲဒီ Message ေလးနားေထာင္ၿပီး သူ႕ရဲ႕ေန႕ရက္တိုင္းလုိလိုကို ၿဖတ္သန္းခဲ့တာပါ.... ဒီလိုမ်ိဳးခ်စ္သူကို ခ်စ္တတ္တဲ့စိတ္ကေတာ့ တကယ္ကိုေလးစားစရာပါပဲ... သင္တို႕မွာသာအဲလိုခ်စ္သူတစ္ေယာက္ရွိရင္ ဒီကားေလးကို Share ရင္း သူ႕ကိုမ်ွေ၀ေပးလိုက္ပါ.... တကယ္ေတာ့ အခ်စ္ဆိုတာအနားမွာရွိေနၿပီး ဂရုစိုက္ေနမွ အခ်စ္လို႕မေခၚပါဘူး... အခ်စ္ဆိုတာ သူ႕အနားမွာရွိသည္ၿဖစ္ေစ မရွိသည္ၿဖစ္ေစ သူနဲ႕ပတ္သတ္သမွ်အရာေတြအကုန္လံုးကို တန္ဖိုးထားတတ္တဲစိတ္ေလးတစ္ခုပါ... ဒီကားေလးဟာေအးစက္တဲ့ကားေလးတစ္ကားလို႕ထင္ရေပမယ့္ ဒီေခတ္အသံုးအႏံႈးနဲ႕ေၿပာရမယ္ဆိုရင္ တကယ္ကို ရို တဲ့ကားေလးတစ္ကားပါ... စာအုပ္နဲ႔ရုပ္ရွင္အၾကားကြဲလြဲမႈေတြရွိေနတယ္လို႔ဒီကားဟာ ေ၀ဖန္ခံခဲ့ရေပမယ့္ ပရိသတ္အားေပးမႈကိုရရွိထားျပီး Box Office မွာ အျမတ္အစြန္းမ်ားစြာရရွိထားတဲ့ကားေကာင္းတစ္ကားပဲၿဖစ္ပါတယ္… File Size : (849 MB) and (265 MB) Quality : BluRay 1080p Running Time : 1hr 48min Format : Mp4 Genre : Animation, Action Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Neve Encoded ...
movie
Forever My Girl (2018)
2018
7.3
Please Stand By (2017)
၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr 33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
Please Stand By (2017)
2017
6.5
Happy Death Day (2017)
Thillerဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက်ကားအသစ်လေးပါ။Before I Fallဆိုတဲ့ကားလေးနဲ့ပုံစံတူလေးပါပဲ။ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီးMysteryဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ဇာတ်လမ်းလေးကိုအရင်ပြောချင်ပါတယ်။ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက်မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့်ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ဇာတ်လမ်းကအဲဒီမှစတာပါ။သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက်အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာHappy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရောအဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာတော့ဆက်ကြည့်လိုက်ပါဦး။ဇာတ်ကားအဆုံးသတ်ကယုတ္တိမတန်ဘဲအငြင်းပွားစရာရှိပေမယ့်စဉ်းစားစရာ၊စိတ်လှုပ်ရှားစရာခံစားမှုရသတွေကတော့အပြည့်အဝပေးမှာဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)----------------------------------------------------------------------------------Thillerဇာတ္ကားေကာင္းေလးၾကည့္ခ်င္သူမ်ားအတြက္ကားအသစ္ေလးပါ။Before I Fallဆိုတဲ့ကားေလးနဲ႕ပံုစံတူေလးပါပဲ။ဒီကားေလးမွာကေတာ့ပိုျပီးစိတ္လႈပ္ရွားစရာေကာင္းျပီးMysteryဆန္တဲ့ပံုစံကိုေတြ႕ရမွာပါ။လူ႔ရုပ္သကန္ကိုေသခ်ာျပဆိုႏိုင္တဲ့ဇာတ္ကားမ်ဳိးေတြပါ။လူဆိုတာမ်ဳိးကဘာမွမျဖစ္ခင္မွာေတာ့ဘာမွမျဖစ္သလိုေပါ့ေပါ့နဲ႕ကိုယ့္ယူဆခ်က္နဲ႕ကိုယ္ေနထိုင္ၾကေပမယ့္ တကယ္တမ္းအက်ဥ္းက်ပ္ထဲေရာက္ခ်ိန္မွာေတာ့ေျပာင္းလဲလာတတ္ၾကတာပါပဲ။ဇာတ္လမ္းေလးကိုအရင္ေျပာခ်င္ပါတယ္။ထရီဇာဆိုတဲ့ေကာလိပ္ေက်ာင္းသူေလးတစ္ေယာက္ဟာတနလၤာေန႕တစ္မနက္မွာကာတာဆိုတဲ့ေက်ာင္းသားအေဆာင္ေလးထဲမွာႏိုးထလာခဲ့ပါတယ္။ညဖက္ပါတီမွာအေသေသာင္းက်န္းျပီးေယာက်ာ္ေလးတစ္ေယာက္ရဲ႕အခန္းမွာေရာက္မနက္အိပ္ရာႏိုးရတယ္ဆိုတာကိုၾကည့္ျခင္းအားျဖင့္ထရီဇာရဲ႕ဇာတ္ေကာင္သဘာ၀ကိုသိႏိုင္ပါတယ္။ေခတ္ဆန္ဆန္ပိုက္ဆံရွိမိဘအသိုင္းအ၀ိုင္းကလာျပီးကိုယ္စိတ္ထင္သလိုလုပ္ေနတဲ့ေက်ာင္းသူေလးတစ္ေယာက္ပါပဲ။ဒီေနရာမွာဇာတ္ကားကုိစိတ္၀င္စားေစတာကေတာ့အဲဒီေန႕ဟာသူ႕ေမြးေန႕ျဖစ္ေနပါတယ္။မနက္ႏိုးလာကတည္းကညအထိပံုမွန္လိုပဲျဖတ္သန္းလာခဲ့ေပမယ့္ညနက္ပိုင္းပါတီကိုသြားတဲ့လမ္းေရာက္တဲ့အခ်ိန္မွာပဲသူ႕ဘ၀စၾကမ္းျပီလို႕ေျပာရမွာပါပဲ။ညဖက္ပါတီကိုသြားရင္လမ္းမွာလူတစ္ေယာက္ရဲ႕လက္ခ်က္နဲ႕အသတ္ခံလိုက္ရတာပါ။ဇာတ္လမ္းကအဲဒီမွစတာပါ။သူအသတ္ခံလိုက္ရျပီးရုတ္တရတ္ျပန္ႏိုးလာပါတယ္။ႏိုးလာတဲ့ေနရာကလည္းမနက္ကသူႏိုးလာတဲ့အခန္းသူႏိုးလာတဲ့ပံုစံအတိုင္းသူ႕ေမြးေန႕မွာပဲသူျပန္ႏိုးလာခဲ့တာပါ။အိပ္မက္လိုလိုဘာလိုလုိနဲ႕ဦးေႏွာက္ေျခာက္ေနရင္းထရီဇာတစ္ေယာက္အဲဒီညမွာလူသတ္သမားလက္ခ်က္နဲ႕ေနာက္တစ္ခါအသတ္ခံလိုရျပီးတဲ့အခါမွာေတာ့ သူျပန္လည္နိုးထလာခ်ိန္မွာHappy Birthday မဟုတ္ပဲ Happy Death Dayျဖစ္ေနျပီး ရက္တစ္ရက္ထဲမွာပဲပိတ္မိေနေတာ့တာပါပဲ။ထရီဇာတစ္ေယာက္ အဲဒီတစ္ရက္တည္းမွာပဲအဖန္တလဲလဲႏိုးထလာလိုက္ေသဆံုးလိုက္နဲ႕သံသရာလည္ေနရင္း လူေတြအေၾကာင္း၊သူ႕အေၾကာင္းကိုသူပိုသိိလာပါေတာ့တယ္။သူ႕ပတ္၀န္းက်င္ကလူေတြအေၾကာင္းပိုုသိလာတယ္။ဟန္ေဆာင္မႈေတြၾကားကလူေတြရဲ႕မ်က္ႏွာဖံုးေတြကိုလည္းျမင္လာပါတယ္။တေျဖးေျဖးနဲ႕စိတ္ညစ္လာတဲ့ထရီဇာတစ္ေယာက္၊ ဘ၀မွာသူ႕စိတ္တိုင္းက်လုပ္ခ်င္ရာလုပ္ခဲ့တဲ့ထရီဇာတစ္ေယာက္ အခုေတာ့သူလိုခ်င္တာမနက္ျဖန္ဆိုတဲ့ဆုေတာင္းပဲရွိပါေတာ့တယ္။ဒါဟာကၽြန္ေတာ္တို႕သတိမျပဳမိတာဒါရိုက္တာျပလိုက္တာပါပဲ။မနက္ျဖန္ေပါင္းမ်ားစြာရွိတဲ့အခ်ိန္တုန္းကတန္ဖိုးမထားပဲအီေလးဆြဲခဲ့ေပမယ့္ အဲဒီမနက္ျဖန္ကိုလက္လႊတ္လိုက္ရခ်ိန္တစ္နည္းအားျဖင့္ ေနာက္ထပ္အခြင့္အေရးမရွိေတာ့ခ်ိန္မွာတမ္းတၾကတာသဘာ၀ပါပဲ။ဒီကားေလးကေတာ့ စိတ္လႈပ္ရွားစရာ၊စဥး္စားစရာေလးေတြနဲ႕တင္ဆက္ထားတဲ့အတြက္တစ္မ်ဳိးတစ္ဖံုခံစားမႈရေစမွာပါ။လူသတ္သမားကေရာဘယ္သူလဲ၊ ဘာေၾကာင့္သူ႕ကိုသတ္ရတာလဲ၊ Happy Birthdayေန Happy Death Day ျဖစ္သြားရွာတဲ့ထရီဇာတစ္ေယာက္ေရာအဲဒီသံသရာထဲကလြတ္ေျမာက္ႏိုင္မွာလားဆိုတာေတာ့ဆက္ၾကည့္လိုက္ပါဦး။ဇာတ္ကားအဆံုးသတ္ကယုတၱိမတန္ဘဲအျငင္းပြားစရာရွိေပမယ့္စဥ္းစားစရာ၊စိတ္လႈပ္ရွားစရာခံစားမႈရသေတြကေတာ့အျပည့္အ၀ေပးမွာျဖစ္ပါတယ္။(ဘာသာျပန္သူကေတာ႔ သူရဇာနည္ေအာင္ပါ) File Size : (752 MB) Quality : WEB-DL 720p Running Time : ...
movie
Happy Death Day (2017)
2017