Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessica Lange
7.7
The Great Lillian Hall (2024)
The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်းအော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင်ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိကသရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hallဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင်ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လိုရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင်ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကိုကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အော်စကားတန်းဝင် ...
movie
The Great Lillian Hall (2024)
7.3
Cape Fear (1991)
သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. ...
movie
Cape Fear (1991)
Marlowe (2022)
Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆိုတော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie
Marlowe (2022)
2022
6.6
[18+] The Postman Always Rings Twice (1981)
The Postman Always Rings Twice (1981)~ IMDb - 6.6/10, RT - 79%, Meta - 61% ~Chinatown, One Flew Over the Cuckoo's Nest, The Shining တို့လို ဂန္ထဝင်မာစတာပိစ်ကားတွေရဲ့ မင်းသား Jack Nicholson ရဲ့ ခေတ်ဟောင်းကားလေးပါ။ မမြင်အပ် မမြင်ရာ ဇာတ်ဝင်ခန်း တစ်ချို့ပါဝင်တာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ James M. Cain ရဲ့ နာမည်တူ နာမည်ကြီးဝတ္တုကို အခြေတည်ရိုက်ကူးထားပြီး ဒီဝတ္တုကို ၁၉၄၆မှာလည်း တစ်ခါရိုက်ကူးခဲ့သေးပါတယ်။ ၁၉၄၆ ဗားရှင်းကတော့ ဝေဖန်ရေးသမားတွေ အကြိုက်ပိုဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ လောဘနဲ့ ရမ္မက်နောက်ကိုလိုက်တဲ့ လူတွေအကြောင်း ဖော်ပြထားတာဖြစ်ပြီး လောကရဲ့ ကွေ့ကောက်တဲ့ မာယာတွေကြား တုန်ခါယိမ်းသွေ့သူတို့ရဲ့ ...
movie
[18+] The Postman Always Rings Twice (1981)
1981
6.1
In Secret (2013)
In Secret (2013)~ IMDb rating - 6.1/10 ~အဟောင်းအကောင်းတွေ မျှော်လင့်နေတဲ့ CM ပရိသတ်တွေအဖို့ 2013 ထွက် In Secret ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ဆောင်တွေကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား MCU ဇာတ်ရုပ်တွေဖြစ်ကြတဲ့ Scarlet Witch နဲ့ Moon Knight တို့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့ Oscar Isaac, ပြီးတော့ Harry Potter ထဲက Draco Malfoy ဖြစ်တဲ့ Tom Felton တို့ဖြစ်ပြီး မမ Elizabeth ရဲ့ အလှအပတွေကို ရှုမြင်ခံစားရဦးမှာဆိုတော့ ဘာဘာညာညာ တွေးမနေပဲ ကြည့်လိုက်ကြတော့ဗျာ။မွေးကတည်းက မိတဆိုးဖြစ်ခဲ့ရရှာတဲ့ Thérèse (Elizabeth Olsen) လေးဟာ ဖခင်ရဲ့ ထပ်စွန့်ပစ်ခြင်းကိုလည်း ...
movie
In Secret (2013)
2013
6.9
Rob Roy (1995)
Rob Roy (1995)အင်္ဂလိပ် နန်းတွင်း ကိစ္စရေးရာကိုမှ အခုလို ဆောင်းတွင်းအေးအေးလေးမှာ အချိန်ယူပြီး အေးဆေးကြည့်လို့ရမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။မင်းသားကလည်း နာမည်ကြီး Liam Neeson ဖြစ်ပါတယ်။ ဘုရင်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ ရော့ဘ်တစ်ယောက်အခုတော့ နွားကျောင်းသားဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဂုဏ်သိက္ခာ၊ သူ့မာနနဲ့ ခက်ထန်တဲ့ သူတစ်ယောက်ပေါ့။အင်္ဂလန် မင်းမျိုးကြီးတွေရဲ့ ကောက်ကျစ်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားထဲ သူ့မာနနဲ့သူနေနေတဲ့ ရော့ဘ်တစ်ယောက်မှာ ပြဿနာတွေတက်လာတဲ့အခါ... ဇာတ်လမ်းက အေးပေမယ့် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။အတိုက်အခိုက်အရှုပ်အထွေးတွေကြားထဲ ရော့ဘ်တစ်ယောက်ဘယ်လိုရုန်းထွက်မလဲ၊ ရော့ဘ်ရဲ့ မာနတွေ၊ မိသားစုချစ်စိတ်တွေ၊ တာဝန်သိတတ်မှုတွေက အင်္ဂလိပ်မင်းကြီးတွေကို ဘယ်လိုတုန်လှုပ်စေမလဲဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်ကြည့်ပြီး ရှူစားကြစေချင်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)Size - 2.1GB, 1.3GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 19Min Type ...
movie
Rob Roy (1995)
1995
6.1
The Gambler (2014)
The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေးတွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie
The Gambler (2014)
8.0
Big Fish (2003)
IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie
Big Fish (2003)
2003
6.8
The Vow (2012)
ကိုယ်သာ အတိတ်မေ့သွားမယ်ဆို ကိုယ်ချစ်တဲ့သူကို ပြန်သတိရနိုင်မှာလားအချစ်တွေကိုရောမေ့သွားနိုင်မှာလားဇာတ်လမ်းကတော့ လီယို နဲ့ ပိခ်ျ့တို့ဟာ သိပ်ချစ်ကြတဲ့လင်မယားတွေပါတစ်ယောက်ကို တစ်ယောက်ကို ဖေးမရင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ကြသူတွေပါဒါပေမယ့်တစ်နေ့မှာ ကံဆိုးစွာနဲ့ သူတို့နှစ်ယောက်အက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်အဲ့နောက်မှာ ပိခ်ျ့ဟာ မှတ်ဥာဏ်ပျောက်ဆုံးသွးပြီး သူမခင်ပွန်း လီယိုကို မမှတ်မိနိုင်ဖြစ်သွားပါတယ်ပိခ်ျ့ဟာ လီယိုကို ပြန်မှတ်မိနိုင်မှာလား ဒါမှမဟုတ် လီယိုကိုရော လီယိုအပေါ်အချစ်တွေကိုရော လုံးဝပြန်မမှတ်မိနိုင်တော့ဘူးလား…….လီယိုကရော ပိခ်ျ့ပြန်ချစ်လာအောင် ပြန်မှတ်မိလာအောင်လုပ်နိုင်မလားပိခ်ျ့က လီယို့ကိုပြန်မချစ်နိုင်တော့ပဲ ပိခ်ျ့ရဲ့အရင်ချစ်ရသူ ဂျဲရမီကိုပဲ ရွေးသွားမလား……........... (ဘာသာပြန်သူကတော့ အဉ္ဇလီသန်းထိုက်ပါ) File Size : (930 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p DTS x264-beAst Translated ...
movie
The Vow (2012)
2012