Channel Myanmar

Jessica Garrison

Frank and Cindy (2015) 6.1
Frank and Cindy (2015)  Genre – Comedy, Drama IMDB – 6.1/10ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီးရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့ သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေစင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့ အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန်အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေ။အဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီးတီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ်ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တာကိုး။ အဲဒီမှာတင် GJတစ်ယောက် ...
movie

Frank and Cindy (2015)