Channel Myanmar

Jessica Clement

Longing (2024)
Longing (2024) Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်‌တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie

Longing (2024)

2024
Dream Scenario (2023) 7.2
Dream Scenario (2023) Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie

Dream Scenario (2023)

2023
4K HEVC
Night Blooms (2022) 5.4
Night Blooms (2022) Night Blooms (2022)ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ...
movie

Night Blooms (2022)

2022