Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessica Biel
5.8
Blade: Trinity (2004) Blade 3
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(6 ...
movie
Blade: Trinity (2004) Blade 3
4K HEVC
The Illusionist (2006)
မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Illusionist (2006)
5.9
The Tall Man (2012)
ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီးစည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာစီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စအကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးကမြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက်ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ခေါင်းစွပ်နဲ့'လူရှည်ကြီး' တစ်ယောက်က ကလေးတွေကိုတောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီးနောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်းတစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန်တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ်အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေလုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရောဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , ...
movie
The Tall Man (2012)
Powder Blue (2009)
ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ...... ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ...... အဖေဆုံးသွားပြီး အကြွေးပိနေတဲ့ သုဘရာဇာ ကွာရတီ....... ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်.......သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Powder Blue (2009)
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
6.7
Elizabethtown(2005)
Elizabethtown(2005)******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာအသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲLegolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါသူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေးကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာအချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ...
movie
Elizabethtown(2005)
6.5
Cellular (2004)
ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ်ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး...ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီးFast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham ကဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း ကတော့ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာတစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ်ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ်ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်းဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်....ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီးဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါသူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲဂျက်ဆီကာ ...
movie
Cellular (2004)
2004
6.0
The Truth About Emanuel (2013)
The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thrillerဒီဇာတ်ကားရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ်လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါသူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ်ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြောင်းလာပါတော့တယ်မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာအကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကိုမြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာကစိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်းလူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလားအိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရောဘာတွေဖြစ်မလဲဆိုတာကိုဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ် File size… 1.3 GB / 625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO
movie
The Truth About Emanuel (2013)
2013
6.8
Hitchcock (2012)
ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ "သည်းထိတ်ရင်ဖို ဆရာသခင်ကြီး"လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် ...
movie
Hitchcock (2012)
6.0
Playing for Keeps (2012)
Playing for Keeps (2012)***********************ဇာတ်လမ်းအကျဥ်းကတော့ ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းကအခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီးခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်းဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်းပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
movie
Playing for Keeps (2012)
2012
7.0
London(2005)
London(2005)************နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Chris Evan နဲ့ Jason Statham တို့ပါဝင်သရုပ်ဆောင်ထားတဲ့Londonဆိုတဲ့ ဒီဇာတ်ကားလေးမှာတော့ ဆစ်ဒ်ဟာ သူအရမ်းချစ်ရတဲ့ အမျိုးသမီလေး Londonနဲ့ လမ်းခွဲပြတ်စဲအပြီးဆေးစွဲသူတစ်ယောက်အဖြစ် ဘဝကို ဖြစ်သလိုဖြတ်သန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ Londonက အဝေးကိုထွက်ခွာတော့မှာမို့ နှုတ်ဆက်ပါတီပွဲလုပ်ကြတဲ့အခါ...ဖိတ်ကြားခြင်းမခံရတဲ့ ဆစ်ဒ်ဟာလည်း နောက်ဆုံးအကြိမ်အခွင့်အရေးရလိုရငြားသူ့အတွက် ကိုကိန်းလာပို့ပေးတဲ့ ဘိတ်မန်းနဲ့အတူ ပါတီပွဲကို တက်ရောက်ခဲ့ပါတယ်။ဒီလိုနဲ့ တစ်ခါမှ မတွေ့ဖူးကြတဲ့ ဆစ်ဒ်နဲ့ ဘိတ်မန်းတို့ အစပ်အဟပ်တည့်ပြီးဆေးတွေ ရှူ.. ဒဿနတွေပြောကြရင်း Londonသူငယ်ချင်းတွေဆီကနေသူတောင်မသိတဲ့ဇာတ်လမ်းတွေကြားသိရတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.............. File Size : (1.4GB) and (535 MB) Quality : Blu-Ray 720p Format…mp4 Duration…01:32:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tun Ag Kyaw Encoded by Phyo Pyae
movie
London(2005)
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
6.2
Total Recall (2012)
Total Recall (2012) Extended Cutလူသားတစ်ယောက်ခြင်းစီ လိုက်လံရှာဖွေရတဲ့ ပဟေဠိဆိုတာက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတဲ့ မေးခွန်းပါပဲတဲ့။ အဲဒါရဲ့အဖြေဟာ အတိတ်မှာ မရှိပါဘူး၊ လက်ရှိ ပစ္စုပ္ပန်မှာပဲ ရှာတွေ့နိုင်ပါတယ်တဲ့။ ဒီတော့ ကိုယ်ဟာ ဘာကောင်ကြီးဖြစ်တယ်ဆိုတာ အခု ကိုယ်လက်ရှိဖြစ်နေတဲ့ အချိန်ကိုပဲ ကြည့်ပြီး ပြောရမှာလို့ ဆိုလိုတာပေါ့ဗျာ။ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးရုံနဲ့ အခုလက်ရှိမှာ ငါက အကောင်ကြီးလို့ မပြောနိုင်သလို အတိတ်က ဆိုးမိုက်ခဲ့သမျှတွေဟာလည်း အခုအချိန် ဆက်မဖြစ်တော့ဘူးဆိုရင် နှိမ့်ချဆက်ဆံခံရစရာ မလိုပါဘူး။ ပြင်လို့မရတဲ့ အမှားမျိုးကတော့ ချွင်းချက်ပါ။အခုတင်ဆက်ပေးမယ့်ကားကတော့ Total Recall ပါ။ အဲဒီနာမည်က ကျွန်တော်တို့လို ၈၇/၈၈ ပတ်ချာလည်မွေးတဲ့သူတွေအတွက်တော့ ရွှေရောင်အမှတ်တရတစ်ခုပေါ့။ အဲဒီတုန်းကတော့ မင်းသားကြီး Arnold Schwarzenegger (အာနိုး) ပါ။ ၁၉၉၀ ခုနှစ်မှာ ရိုက်ကူးတဲ့ အဲဒီဇာတ်လမ်းမှာတော့ ကမ္ဘာနဲ့ ဗုဒ္ဓဟူးဂြိုလ် ...
movie
Total Recall (2012)
2012
5.7
New Year’s Eve (2011)
နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar ...
movie
New Year’s Eve (2011)
2011
6.1
Planet 51(2009)
Planet 51(2009) IMDb......6.1 ဆရာကြီးချစ်ဦးညိုစာအုပ်တွေကို အတော်များများဖတ်ဖူးကြမယ်ထင်ပါရဲ့.... ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ဗီလိန်တွေအတော်များများကို ဆရာကြီးဟာ အဓိက ဇာတ်လိုက်မင်းသားအဖြစ် ပြန်လည်အသက်သွင်းတယ်... ဒီတော့ ဆရာကြီးရေးသားထားတဲ့ ဒီလိုဇာတ်ကောင်မျိုးစာအုပ်တွေမှာ ဆို ဇာတ်လမ်းကြီးကိုပြောင်းရသလိုဖြစ်နေတယ်... ဆိုပေမယ့် ကျွန်တော်တို့ အားလုံးဆရာကြီးရေးတဲ့စာအုပ်တွေဖတ်ပြီး အရမ်းနှစ်ခြိုက်ကြသလို တခြားရှုထောင့်တစ်ခုလည်းရှိပါသေးလားဆိုတဲ့ အသိလည်းရသွားတယ်..... ဒီကာတွန်းကားလေးကလည်း ဒီလိုပါပဲ..... အစိမ်းရောင်ဂြိုလ်သားတွေဘက်ကနေရိုက်ကူးထားတာပါ... သူတို့အနေနဲ့ကြည့်ရင် ကျွန်တော်တို့ဟာ ပြောလို့တောင်မရနိုင်တဲ့ အန္တရယ်ရှိဆုံးဂြိုလ်သားတွေပေါ့လေ..... ဒီတော့ အစိမ်းရောင်ဂြိုလ်သားတွေဟာ ထင်မြင်ချက်ပေါင်းများစွာနဲ့ ကြိုတင်ကာကွယ်မှုတွေပေါင်းစုံလုပ်သလို စောင့်ကြည့်ရေးတပ်ဖွဲ့ပေါင်းများစွာနဲ့လည်း သူတို့ဂြိုလ်ကို ကာကွယ်ထားတယ်.... သို့ပေမယ့် တစ်နေ့တော့ သူတို့ဂြိုလ်ကို အမေရိကန်အလံကြီးကိုင်ပြီး အာကာသယာဉ်မှုးကမ္ဘာဂြိုလ်သားတစ်ယောက်ဆင်းချလာပါလေရော.... အစိမ်းရောင်ဂြိုလ်အတွက် တကယ့်ကိုသွေးပျက်ဖွယ်ရာအဖြစ်ပါပဲ.... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်... File Size : (957 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae
movie
Planet 51(2009)
2009
6.2
Next (2007)
Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
movie
Next (2007)
2007
5.0
Stealth (2005)
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကိုစက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ....အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေအသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်...ဒီထဲမှာမှ ရေတပ်စစ်သဘောင်္င်္အုပ်စုတစ်ခုမှာ အသံထက်မြန်အောင်မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ်လူသားကဲ့သို့အသိဥာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကိုအသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်....EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်....တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါးခံစားတတ်ပါတယ်...သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်...စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့မထင်စေလိုပါဘူး...ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်...ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကိုတိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်....အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ...ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ...ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ...Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး...ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲဆုံးဖြတ်ပေးလိုက်ကြပါဦး......ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်...... File Size : (951MB) and (277 MB) Quality : BluRay 720p Running Time : 2h 01 min Format : Mp4 Genre : Action , Sci-Fi , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Stealth (2005)
2005
6.8
The A-Team (2010)
Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
The A-Team (2010)
2010
4.4
Spark: A Space Tail
Spark, a teenage monkey and his friends, Chunk and Vix, are on a mission to regain Planet Bana - a kingdom overtaken by the evil overlord Zhong.ဒီတစ်ခါတော့ အန်နီမေးရှင်း ပရိတ်သက်တွေ အတွက် အတော် ချစ်စရာကောင်းတဲ့ဇာတ်ကောင်များပါဝင်တဲ့ အန်နီမေးရှင်းကားကောင်းတစ်ကားနဲ.မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာ ဟောလိဝုက နိုင်ငံကျော်သရုပ်ဆောင်တွေလည်း အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်ဒီကားလေးကတော့ပေါ့ပေါ့ပါးပါးဟာသကာတွန်းကားလေးပါ။ကာတွန်းကားကြိုက်တဲ့သူတွေအတွက်ပေါ့။ Sparkဆိုတာကမျောက်ငယ်လေးတကောင်ပါပဲ။အဲဒီမျောက်လေးနဲ့သူ့သူငယ်ချင်းတွေဖြစ်တဲ့ Chunkနဲ့Vixတို့ဟာBanaဆိုတဲ့ဂြိုလ်လေးကိုပြန်လည်သိမ်းယူဖို့တာဝန်ပေးခံရခဲ့တာပါ။အဲဒီနိုင်ငံတော်ကိုမကောင်းဆိုးဝါးကြီးZhongဆိုတဲ့ကသိမ်းပိုက်ထားတာဖြစ်ပါတယ်။အဲတော့Sparkတို့သူငယ်ချင်းတသိုက်ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ကာတွန်းကားလေးကိုဆက်ကြည့်လိုက်ကြရအောင်ဗျာ။အားလပ်ချိန်ပေါ့ပေါ့ပါးပါးနဲ့ရယ်လိုက်မောလိုက်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။2017ရဲ့Best Editing in Animationဆုရထားခဲ့ကားလေးလည်းဖြစ်ပါတယ်ဗျာ။ (ဘာသာပြန်သူကတော့ idiot Myokoပါ) File Size : 680 MB/290 MB Quality : Bluray 720p Running Time : 1hr 231minutes Format : Mp4 Genre : Animation, Adventure, Comedy Translator : ...
movie
Spark: A Space Tail
2016