Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessica Alba
Trigger Warning (2024)
မင်းသမီး Jessica Alba ရဲ့ Netflix အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ...အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ်သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့... သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ ...မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့....ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ်။Rating တွေ မကောင်းလှပေမယ့် ဂျက်စီကာအယ်လ်ဘာ ပရိတ်သတ်နဲ့ အက်ရှင်ပရိတ်သတ်တွေတော့ ကြည့်လို့ကောင်းမှာပါ။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(2.6 GB) / (1.2 GB)/(720 MB) Quality….Webrip 4K HEVC/1080p / 720p Format…mkv/mp4 Duration….01:47:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing
movie
Trigger Warning (2024)
4K HEVC
5.4
The Eye (2008)
Horror ကားလည်း ကြည့်ချင်တယ် ..သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး ..ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာစိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီးမင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင်ကောင်မလေးနေရာမှာ Jessica Alba က အထူးသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်ကအသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီးဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက်ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာအစားထိုးကုသခဲ့တယ်။ဇာတ်လမ်းက ဒီမှာ စတာပါ။မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင်ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ ..မီးလောင်နေတာတွေ ..လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလိုဖြစ်လာတယ် ..ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ?ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ?ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိနေသလဲ စတဲ့ ...
movie
The Eye (2008)
Good Luck Chuck (2007)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆုတွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေးဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီးတွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆိုတော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေးတွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie
Good Luck Chuck (2007)
6
Never Been Kissed (1999)
Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
6.5
Stretch (2014)
ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆိုတော့ ရှယ်ပါပဲ။ RatingတွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူဌေးတွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအကောင်းစားကြီးမှာ ဒရိုက်ဘာလုပ်နေတဲ့ ကယ်ဗင်တစ်ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မပြေ၊ ဖဲကြွေးက တပုံတပင်နဲ့ဒိုင်တွေဓါးကြိမ်းကြိမ်းတာကို ခံနေရတဲ့အချိန် မမျှော်လင့်ထားဘဲဘီလျံနာ သူဌေးတစ်ယောက်အတွက် အငှားယာဉ်မောင်းလိုက်ပြီးတင်နေတဲ့ဖဲကြွေးတွေကို အကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါပေမဲ့ သူ့ရဲ့clientသူဌေးက နောက်ကြောင်းတွေအပြည့်နဲ့ သူဌေးဖြစ်နေတဲ့အခါ ကယ်ဗင်တစ်ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါတော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Stretch (2014)
6.1
The Killer Inside Me (2010)
The Killer Inside Me (2010) ==================== IMDb rating - 6.1/10ပရိတ်သတ်ကြီးတို့ကိုဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Thriller ဆန်ဆန်ရိုက်ကူးထားတဲ့ crime ရုပ်ရှင်ကားလေးပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ တက္ကဆက်အနောက်ပိုင်း နယ်မြို့လေးမှာတာဝန်ကျနေတဲ့ ရဲအရာရှိ လုဖော့ဒ်ဟာ သူ့ရဲ့မွေး စားအစ်ကိုဖြစ်သူ မိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းခဲ့ ရာကနေ အပျက်မကလေး ဂျိုစီနဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ပါတယ်။ ဂျိုစီဆိုတဲ့ ကောင်မလေးကို မြို့ရဲ့မျက်နှာဖုံးလို့ဆိုရမယ့် သူဋ္ဌေးကြီး ကွန်ဝေးရဲ့သားဖြစ်သူ အယ်လ်မာကွန်ဝေးက စွဲလမ်းနေခဲ့တော့ သားဖြစ်သူကို အဲဒီအပျက်မလေးနဲ့ဝေးသွားအောင်လုပ်ပေးဖို့ လုဖော့ဒ်ကို သူဋ္ဌေးကြီးက အကူအညီတောင်းခဲ့ပါတယ်။အဲဒီလိုကနေ လုဖော့ဒ်နဲ့ ဂျိုစီကြားမှာ သံယောဇဉ်တွေငြိတွယ် သွားခဲ့ပြီးတဲ့နောက်မှာတော့...ဂျိုစီနဲ့ အယ်လ်မာကို သတ်သွား ခဲ့တဲ့ တရားခံက ဘယ်သူလဲ၊ အဲဒီအမှုရဲ့ သံသယတရားခံ ဂျွန်နီ ပါပါကိုယ်တိုင်က ထောင်ထဲမှာ ကြိုးဆွဲချသေသွားခဲ့တာ ဘာ ကြောင့်လဲ၊ တကယ့် တရားခံအစစ်က အားလုံးထင်မှတ်မထားတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုတာကို သည်းထိတ်ရင်ဖို ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှုမြင်ခံစားရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.75 GB) / (607 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie
The Killer Inside Me (2010)
2010
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
8.0
Sin City (2005)
Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
5.7
Mechanic: Resurrection (2016)
Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie
Mechanic: Resurrection (2016)
2016
4K HEVC
6.2
Idle Hands (1999)
Idle Hands (1999)1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်...ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ဒီလိုနဲ့ ...
movie
Idle Hands (1999)
1999
6.9
Knocked Up (2007)
Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာအောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie
Knocked Up (2007)
5.7
Valentine’s Day (2010)
[Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie
Valentine’s Day (2010)
5.4
Barely Lethal (2015)
Barely Lethal (2015)" ဒီရုပ်ရှင်ဟာ ကလေးတွေကို လေ့ကျင့်ပေးပြီး လုပ်ကြံရေးသမားတွေအဖြစ်ခိုင်းတဲ့ အစိုးရလျှို့၀ှက်ကျောင်းက ဥက္ကဌ မာသားဖာ့ခ်ကာကြီးဟာ အတော်ဆုံးအေးဂျင့်လေးဖြစ်တဲ့ Bumblebee ထဲက စကီလေးကို ကွင်းဆင်းတာ၀န်ပေးရာက ကလေးဆိုတော့ အပြင်လောကကိုရောက်လာပြီးတဲ့နောက် သိချင်စိတ်များလာရာက သေချင်ယောင်ဆောင် ထွက်ပြေးသွားပြီး မွေးစားမိဘအိမ်တစ်အိမ်မှာနေရင်း အထက်တန်း ကျောင်းသူဘ၀ကို ဖြတ်သန်းရာက ဆယ်ကျော်သက်တွေ ကျောင်းမှာကြုံရတဲ့ ပြဿနာတွေကို ကြုံလာရတဲ့အပြင် သူဖမ်းထားခဲ့တဲ့လူဆိုးဖြစ်တဲ့ ဂျက်စီကာအယ်ဘာက လွတ်လာပြီး သူ့မွေးစားမိဘအိမ်ကိုပါ အန္တရာယ်ပေးဖို့ လုပ်လာတာကိုပါ တားဆီးဖို့လုပ်ရတာကို ဇာတ်အိမ်တည်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာသုံးထားတဲ့ဆယ်ကျော်သက်သဘာ၀တို့ဘာတို့ကို မက်ဆေ့ပေးမယ့် Teenage Movieလေးတစ်ကားပါ"ဇာတ်လမ်းရဲ့အညွှန်းကတော့ ဒီစာတစ်ကြောင်းပါပဲ။ အောက်ကတော့ သူ့အရသာကို ထပ်ညွှန်းထားရုံပါ။ မဖတ်လည်းရပါတယ်။ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်ကိုတော့ မှီလိုက်သေးတယ်။ အဲဒီကာလတွေမှာ Lion King တို့၊ Tom and Jerry တို့ Terminator တို့ ခေတ်စားခဲ့တာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုတွေတော့ ...
movie
Barely Lethal (2015)
2015
5.5
Little Fockers (2010)
Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်းတွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie
Little Fockers (2010)
5.9
Into the Blue (2005)
IMDb Rating (5.9)ဆုံးသွားပြီဖြစ်တဲ့ Paul Walker နဲ့ Jessica Alba တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးမှာ ကားဆရာနဲ့ ကိုယ်ပျောက်မယ်တို့ကို ပင်လယ်ကမ်းခြေက ကမ်းခြေပျော် မောင်နှံလေးတွေ အဖြစ်တွေ့ရမှာပါ..ကားဆရာက ကားမမောင်းပဲ ရေငုပ်ပြီး ရတနာလိုက်ရှာရတာ ဝါသနာပါသလို အမြဲတမ်းလည်း ရှာတွေ့ပါတယ်.. ဖြစ်ချင်တော့ သူတို့စုံတွဲရယ် မြို့ပေါ်က ဘော်ဒါစုံတွဲရယ် ပင်လယ်ထဲမှာ double date ရင်း ရေအပျော်ငုပ်ကြတုန်း ကိုကင်းတွေ အပြည့်နဲ့ လေယာဉ်ပျက်ကြီးကို တွေ့ရှိသွားတဲ့အခါမှာတော့ ...လုပ်နေကျ ရတနာအတိုအစလေးတွေပဲရှာဖွေယူပြီး ပြန်ကြမလား ... ကိုကင်းလေယာဉ်ပျက်ကြီးနဲ့ ဘယ်လိုစခန်းသွားကြမလဲ... ဘယ်လိုစွန့်စားဖြေရှင်းကြမလဲဆိုတာ....ပေါ်ဝေါ်ကာအလွမ်းပြေကြည့်ရှုနိုင်သလို ဂျက်ဆီကာအယ်ဘာလေးရဲ့ ဘီကီနီနဲ့ ရေကူးနေတာလေးတွေလဲ အဝငမ်းနိုင်မယ့် ဇာတ်ကားပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားတာဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality…BluRay 1080p/720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Sai Thurein Lynn
movie
Into the Blue (2005)
5.6
Machete Kills (2013)
2010 ကထွက်ရှိထားတဲ့ Machete ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်...ထုံးစံအတိုင်း ပွဲကတော့ ရှယ်ကြမ်းပါတယ်...မင်းသမီးတွေသုံးထားတာလဲ အလန်း...Lady GaGa...Amber Heard....Jessica Alba...Michelle Rodriguez....Alexa PenaVega....Sofía Vergaraစသည်ဖြင့် ရင်ကိုပူနွေးစေတာချည်းပဲ...မင်းသားတွေလဲ ဖိုက်တာတွေ..ခုတ်မယ် ဖြုတ်မယ် ဆိုတာချည်းပဲ...ငယ်ငယ်တုန်းက ဗွီဒီယိုရုံဆိုင်းဘုတ်လို ဒီဇာတ်ကားက" မင်းသမီးအလန်း..တကယ်စွမ်း...သေချင်ရာသေဇမ်း..အကြမ်းပတမ်း..မဟာဘဂျမ်း...ရုံတင်ပြီ" ။Machete (2010) ကို မကြည့်ရသေးရင် https://channelmyanmar.to/machete-2010/ ဒီမှာကြည့်ပါ။ File size…(1,9 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Machete Kills (2013)
6.6
Machete (2010)
IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie
Machete (2010)
6.6
Killers Anonymous(2019)
Killers Anonymous(2019)================ဒီဇာတ်ကားက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ အမေရိကန် အက်ရှင် ကား တကားပါLion Gates ကုမ္ပဏီက ဖြန့်ချိတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Martin Owen က ရိုက်ကူးထားတာပါ ပါဝင်တဲ့ ဇာတ်ဆောင်တွေကတော့ Jessica Alba Tommy Flanagan Gary Oldman Rhyon Nicole Brown My Anna Buring Michael Socha Tim Mclnnery Sam Hazeldine တို့ ဖြစ်ပါတယ်Killer Anonymous ဆိုတာ လူသတ်သမားတွေကို စုဖွဲ့ထားတဲ့ အဖွဲ့တခုဖြစ်ပြီး လူတယောက်ကို ကိုယ် ဘယ်လိုသတ်ခဲ့တယ် သတ်နေတုန်း ကိုယ်ဘယ်လိုခံစားရတယ် စတဲ့ လူသတ်ခြင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ဖလော်ဆော်ဖီကို အချင်းချင်းဝေမျှရင်း စိတ်ဖိအားလျှော့ချကြတဲ့ ပုံစံနဲ့ လည်ပတ်နေတာပါအဲဒီအဖွဲ့ကို ဘယ်သူက အဓိက ကြိုးကိုင်နေလဲ စီအိုင်အေရဲ့ ပါဝင်ပတ်သတ်မှုတွေနဲ့ master mind တွေ က အစီအစဉ်တခုကို ချတဲ့ အခါ ပါဝင်သူတွေကိုယ်တိုင် မသိလိုက်အောင် လူတစ်ဦးချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကို အသုံးချပြီး ဘယ်လို ဥာဏ်ကစားကြလဲ ကြည့်ပျော်တဲ့ ဇာတ်လမ်းတခုပါ ခင်ဗျာFile Size ...
movie
2019
3.5
Spy Kids 4 ကတော့ 2011ခုနှစ်မှာDirector:Robert Rodriguez ရိုက်ကူးထားတဲ့Action,Adventure,Comedyအမျိုးအစားဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ Origanization of Super Spiesရဲ့Agent Marissa Wilson ကို ကိုယ်ဝန်ကြီးနဲ့တွေ့ကြရမှာဖြစ်ပါတယ်။အမွှာနှစ်ယောက်ဖြစ်တဲ့ Rebecca နဲ့ Cecil တို့က သူတိုု့ရဲ့Stepmotherကို spy agent မှန်းမသိကြပါဖူး။Marissa ကလည်း ဗိုက်ထဲက ကလေးမွေးပြီးရင်Spy Agentတစ်ယောက်မလုပ်တော့ဘဲကလေးတွေနဲ့ပဲနေမယ်လို့ စဉ်းစားထားပေမယ့်လည်းတကယ်ရော spy agent အလုပ်ကို စွန့်လွှတ်ခဲ့လားဆိုတာကတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှု့စားကြပါတော့....။ File size…(850 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:27:46 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie
Spy Kids: All the Time in the World (2011)
2011
1
2
Next