Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jessey Meng
5.7
Do the World Darts 7 ( 2007 )
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့ သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။ အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကို နယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကို လက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကို ထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့ လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။ စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက် ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဓားပြတွေက ...
movie
Do the World Darts 7 ( 2007 )
5.2
The Mummy: Tomb of the Dragon Emperor (2008)
ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Mummy: Tomb of the Dragon Emperor (2008)
2008
6.3
Red Corner (1997)
အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
movie
Red Corner (1997)
1997