Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jesse Moss
7.6
Tucker and Dale vs. Evil (2010)
Tucker & Dale vs. Evil (2010)IMDb Rating (7.5) / Rotten Tomatoes (85%)သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေပိုကြိုက်တက်ကြပါတယ်။ အဲ့လို ကြိုက်တတ်ကြတဲ့အတွက်လည်း အချင်းချင်းစနောက်ပြီး ချောက်တက်လှန့်တတ်ကြပါတယ်။ အဲ့လို ချောက်လှန့်ရာကနေ မတော်တဆဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေရှိပါတယ်။ အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီးထွက်ရာမှာ မတော်တဆမှုတွေနဲ့ ကြုံရတာကို ဟာသဆန်ဆန်နဲ့ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းကတော့.... အယ်လီဆန်တို့ ကျောင်းသားတစ်သိုက်က တောအုပ်ထဲမှာအပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားက အိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့ မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အဝတ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျောင်းသားတစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ဒီလိုနဲ့ ကျောင်းသားလေးတွေ ...
movie
Tucker and Dale vs. Evil (2010)
2010
6.3
An Easter Bloom (2024)
အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / ...
movie
An Easter Bloom (2024)
6.3
The Uninvited (2009)
The Uninvited (2009) ================= IMDb - 6.3/10ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး ...
movie
The Uninvited (2009)
6.4
Dear Mr. Gacy (2010)
Dear Mr. Gacy (2010) ================= IMDb Rating - 6.4/10စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို...မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့.... မော့စ် ...
movie
Dear Mr. Gacy (2010)
2010
6.2
The Big Year (2011)
ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးကတော့ တနှစ်တာ ...
movie
The Big Year (2011)
6.8
Ginger Snaps (2000)
Ginger Snaps (2000) Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို ...
movie
Ginger Snaps (2000)
2000
5.8
Final Destination 3 (2006)
Final Destination 3 (2006) IMDb......5.8/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... -------------------------------------------------------- File Size : (1.5GB) and (864MB) Quality : ...
movie
Final Destination 3 (2006)
2006