Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jesse Bradford
Eulogy (2004)
IMDb 6.5/10 ************************************* ဇာတ်လမ်းကတော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး... File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si
movie
Eulogy (2004)
6.3
My Sassy Girl (2008)
ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie
My Sassy Girl (2008)
2008
1080p Untouched
Cherry Falls (1999)
ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias
movie
Cherry Falls (1999)
6.3
Far from Home: The Adventures of Yellow Dog(1995)
ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကိုခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။သရုပ်ဆောင်တွေအနေနဲ့ကတော့ ...
movie
Far from Home: The Adventures of Yellow Dog(1995)
6.5
Falling in Love (1984)
Falling in Love (1984)~ IMDb - 6.5/10, Rotten Tomatoes - 54% ~ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော... ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို ...
movie
Falling in Love (1984)
1984
7.1
Flags of Our Fathers(2006)
Flags of Our Fathers(2006) IMDb....7.1,,,Rotten...73% "သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်....ဆိုလိုတာက တစ်ဝက်လောက်ကိုလိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့" ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကိုမသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင်၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ....Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်.....ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး....သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်...ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့...တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာကအီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်...ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ....ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက Clint Eastwood ကြောင့်လို့လည်းမထင်လိုက်ပါနဲ့...ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာစစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်းရိုက်ပြနိုင်ခဲ့တယ်...ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်...ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်...ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး Clint Eastwood ကတော့ ...
movie
Flags of Our Fathers(2006)
2006
6.2
Hackers (1995)
ဆယ်ကျော်သက် ဟက်ကာတစ်ယောက်က အဓိကကော်ပိုရေးရှင်း တစ်ခုဆီကဒေါ်လာသန်းချီခိုးယူမှုအတွက် သူခိုးဟု စွပ်စွဲခံနေရမှန်း သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားတယ်။ ဟက်ကာခေါင်းဆောင် Dade Murphy, Zero Cool, Crash Overrideလို့နာမည်များစွာ တွင်တဲ့သူကသူ့အသက်၁၁နှစ်တုန်းက လမ်းဘေးကျွန်ပြူတာစနစ် ပေါင်း၁၅၀၀ကျော်ကို ဖျက်ဆီးပစ်ခဲ့လို့၇နှစ် ဖုန်း ကျွန်ပြူတာ ဘာစက်ပစ္စည်းမှ မကိုင်ရ အမိန့်ကျခဲ့တယ်။ခုတော့ မော်နီတာရဲ့ရှေ့ကို နောက်တစ်ခေါက် စိတ်အားထက်သန်စွာ ပြန်ရောက်လာရတော့ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာ……………မင်းသားမင်းသမီးအတော်များရဲ. ငယ်စဉ်ပုံပန်းသွင်ပြင်တွေကိုလည်းတစ်ဝကြီးကြည့်ရမှာဖြစ်ပါတယ်။ (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (800 MB) and (350 MB) Quality : 720p Bluray Running Time : 1hr 47min Format : Mp4 Genre : Comedy, Crime, Drama Subtitle : Myanmar Subtitle ...
movie
Hackers (1995)
1995