Channel Myanmar

Jesper Asholt

The Prince & Me (2004) 5.8
The Prince & Me (2004) ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson  
movie

The Prince & Me (2004)

Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000