Channel Myanmar

Jerry Wu

Dragon Stone Password ( 2024 ) 5.7
Dragon Stone Password ( 2024 ) ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။ Filesize : 745 MB / 419 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe ...
movie

Dragon Stone Password ( 2024 )

The Rescue ( 2023 ) 5.7
The Rescue ( 2023 ) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား..... ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Rescue ( 2023 )

Storm City ( 2023 ) 6
Storm City ( 2023 ) ကမ္ဘာကြီးဟာသစ်တောတွေပြုန်းပြီး အပူချိန်မြင့်တက်လာပြီး ဝင်ရိုးစွန်းကရေခဲတွေအရည်ပျော်လာတာနဲ့အမျှ ရာသီဥတုကလဲ ကြမ်းတမ်းလာပြီး မုန်တိုင်းတွေမကြာခဏဖြစ်လာပါတယ်။အရာရာကိုထိန်းချုပ်ချင်တဲ့လူသားတွေဟာ နည်းပညာတွေတိုးတက်လာနဲ့အမျှ သဘာဝတရားကြီးကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ သုတေသနဌာနတစ်ခုဟာ ရာသီဥတုကိုထိန်းချုပ်ဖို့ ပရိုဂရမ်ရေးဆွဲထားပြီး မှန်းဆထားတာထက် နှစ်နှစ်ကြိုစောပြီးဖြစ်လာတဲ့မုန်တိုင်းကြီးကိုထိန်းချုပ်ပြီး မြို့ကြီးကိုထိန်းချုပ်ကြိုးကိုင်ဖို့ကြိုးစားလာပါတယ်အဲဒီအချိန်မှာ ခေါင်းမာတဲ့အဖေကြီးတစ်ယောက်၊ သုတေသနဌာနကသားဖြစ်သူနဲ့ အဖေကိုဆန့်ကျင်နေတဲ့သမီးဖြစ်သူတို့ (၃)ယောက်သား တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားတဲ့ ကပ်ဘေးအန္တရာယ်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Storm City ( 2023 )

The Mystery Of Lop Nur ( 2022 ) 5.9
The Mystery Of Lop Nur ( 2022 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။  Quality : WEB-DL  1080p , 480p Format : mp4 Duration : 1h 26 min Genres : Action , Sci-Fi , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK
movie

The Mystery Of Lop Nur ( 2022 )