Channel Myanmar

Jerry Rector

Impulse (2023)
Impulse (2023)  ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ ...
movie

Impulse (2023)

Ghost World (2001) 7.3
Ghost World (2001) Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie

Ghost World (2001)

2001
Vampire’s Kiss (1988) 6.1
Vampire’s Kiss (1988) Vampire's Kiss (1988)~ IMDb - 6.1/10, Rotten Tomatoes - 63% ~မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ...
movie

Vampire’s Kiss (1988)

1988