Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jérôme Paquatte
5.4
Pandemonium (2024)
Pandemonium ( 2023 )ဒီပြင်သစ်ကားက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဇာတ်ကတော့ စစအဖွင့်မှာတင် လူနှစ်ယောက် စကားပြောတာနဲ့ စထားတယ်။ သူတို့နှစ်ယောက်စလုံးက သေပြီးသား တစ်ယောက်က သေမှန်းသိတယ်။ တစ်ယောက်က သေမှန်းမသိသေးဘူး။ သေမှန်းသိတဲ့လူရဲ့ဆိုင်ကယ်ကို သေမှန်းမသိတဲ့လူက ကားနဲ့တိုက်မိလို့ သူတို့နှစ်ယောက်စလုံးသေသွားကြတာ။ ဒီလိုနဲ့ သူတို့စကားပြောကြတယ်။ ခဏနေတော့ တစ်ယောက်က သူတို့တွေဂီတသံကြားရတယ်။ ကောင်းကင်ဘုံတံခါးလို့ထင်ရတဲ့ တံခါးတစ်ခု ပေါ်လာတယ်။ သူတို့ထဲကတစ်ယောက်က ဝင်ဖို့ကြိုးစားကြည့်ပေမဲ့ ဝင်လို့မရဘူး။ ခဏနေတော့ သူတို့အော်သံတွေကြားလာရတယ်။ ငရဲတံခါးကပေါ်လာတယ်။ ဒီကားမှာ ကောင်းဘုံတံခါးရော ငရဲတံခါးရောရှိပေမဲ့ ငရဲဘက်ခြမ်းကိုပဲ အဓိက ပြသွားတယ်။ ကောင်းကင်ဘက်ခြမ်းမှာ ဘာတွေဖြစ်လာမလဲတော့မပြသွားပေမဲ့ ငရဲရဲ့ ရက်စက်မှုကို သေချာပြသွားခဲ့တယ်။ ငရဲကလူတွေ ဘာလို့ငရဲရောက်လာသလဲလည်း ပြသွားခဲ့တယ်။ သေချာတာတော့ ဟော်ရာကားပေမဲ့ ငရဲကိုပြသွားတဲ့ ကြည့်ကောင်းတဲ့ဟော်ရာကားပါပဲ။ ဒါပေမဲ့ ငရဲသားရဲ့စကားအတိုင်းဆို ဒီရက်စက်မှုတွေဟာ ငရဲရဲ့အစပဲရှိသေးတယ်လို့ဆိုတယ်။ ကျန်တဲ့ငရဲ ဘယ်လောက်ထိ ရက်စက်မလဲတော့ တွေးကြည့်လို့တောင်ရဲချင်စရာမရှိပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.02GB } ...
movie
Pandemonium (2024)
2024
7.1
District 13 (2004) District B13/Banlieue 13
IMDb Rating(7.1)/Rotten Tomatoes (70%)ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်... အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်းလေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်.. ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပြီး IMDb rating 7.1 ရရှိထားတဲ့ထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ဇာတ်လမ်းကတော့.... လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ...ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။ အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ.. ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး..သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ... လူ ၂ သန်းလောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျုဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ... ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ...
movie
District 13 (2004) District B13/Banlieue 13