Channel Myanmar

Jeremy Sande

Joe Dirt 2: Beautiful Loser (2015) 5.0
Joe Dirt 2: Beautiful Loser (2015)  ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Joe Dirt 2: Beautiful Loser (2015)

A Day to Die (2022) 5.1
A Day to Die (2022) A Day to Die (2022)===============ကျောင်းပြန်ပေးဆွဲခံရမှုဖြစ်ရပ်ဆိုးကြောင့် ghost team အထူးတပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်နေခဲ့ရပေမယ့်၊ ထိုင်ခုံမြဲနေခဲ့တဲ့လူကတော့ ရဲမှူးကြီးအော်လ်စတန်ပါ... အဲ့ဖြစ်ရပ်အပြီး(၁၈)လအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲဆက်လက် လုပ်ကိုင်နေခဲ့တဲ့ ghost team အဖွဲ့ဝင်ကော်နာကော်နယ်လီတစ်ယောက် သူ့ရဲ့အကျဉ်း သားတစ်ယောက်ကို နောက်ကလိုက်ဖမ်းနေတဲ့ ဂိုဏ်းသားတစ်ယောက်ကိုသတ်ခဲ့မိ ပါတယ်။ သူသတ်ခဲ့မိတာက မြို့ရဲ့နာမည်ကျော်မူးယစ်ရာဇာကြီးရဲ့လူဖြစ်နေတော့ ကျားအမြီးသွားဆွဲမိသလိုဖြစ်သွားတဲ့ ကော်နာတစ်ယောက် မူးယစ်ရာဇာကြီးနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လိုတွေပြန်ပေးဆပ်ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် action ကားသစ်လည်း ဖြစ်ပါတယ်။ အဲ့တော့ မူးယစ်ရာဇာကြီးရဲ့အန္တရာယ်ကနေလွတ်အောင်ရှောင်နိုင်ပါ့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာပါ။ နောက်တစ်ခုပြောချင်တာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Bruce Willis ကရော ဘယ်လိုအခန်းတွေမှာပါဝင်သရုပ်ဆောင် မှာလဲဆိုတာတော့ ခင်ဗျားတွေးထားသလို သရုပ်ဆောင်မှာပဲလို့ ပြောချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.16 GB) / (576 MB) / (394 MB) Quality – WebRip 1080p / 720p/480p Duration - 1h 45mins Subtitle ...
movie

A Day to Die (2022)

2022
Blue Bayou (2021) 7.2
Blue Bayou (2021) Blue Bayou (2021)==============IMDb Rating - 7.2/10၂၀၂၁ ထွက် Drama ကားကောင်းလေးကို cm ပရိတ်သတ်များအတွက် တင်ဆက်ပေးချင်ပါတယ်။အညွှန်း −သူ့နာမည်က အန်တိုနီယိုလဘလန့်စ်။ ငယ်စဥ်ကတည်းက ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကိုမွေးစားခံရပြီးရောက်လာရတဲ့သူ။ ဒါပေမဲ့ အခုထိနိုင်ငံသားမဖြစ်သေးပဲ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ(သို့)ဒုက္ခသည်အဖြစ်နဲ့ပဲနေနေရတဲ့သူက ကတ်သီဆိုတဲ့အမျိုးသမီးနဲ့အတူနေပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုကြိုးစားထူထောင်နေတာပေါ့။ ဒါပေမယ့် ကံတရားဆိုတာဟာ အမြဲတမ်းအဆိုးနဲ့အကောင်းဒွန်တွဲနေတတ်တာပဲမဟုတ်လား။  ဒီတော့ ကံစေရာသွားနေရတဲ့ဘဝမှာ ဘလန့်စ်တစ်ယောက်လည်း အဆိုးအကောင်းကိုကြုံတွေ့ရပြီပေါ့။ အဲ့တော့ . . . ဇာတ်လမ်းအကြောင်းအရာကို ပေါ်လွင်စေသွားနိုင်တာမို့ အညွှန်းကိုဒီလောက်ပဲပြောပါစေ .တစ်ခြားဆက်ပြောချင်တာက ဒီဇာတ်ကားထဲက character တွေရဲ့ သရုပ်ဆောင်မှုတွေဟာ ပိရိသေသပ်လှပြီး၊ပျော်ရွှင်ခြင်း . ရယ်မောခြင်းတွေကို အလှည့်ကျရိုက်ပြသွားတာဟာလည်း ဇာတ်လမ်းကို ဟာကွက်မရှိဖြစ်စေပါတယ်။IMDb Rating အနေနဲ့လည်း 7.2/10 ရရှိထားတဲ့ Drama ကားကောင်းလေးမို့ အကုန်လုံးကို ကြည့်စေချင်တဲ့စိတ်နဲ့တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chite Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ ...
movie

Blue Bayou (2021)

2021