Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeremy Northam
6.2
Our Kind of Traitor (2016)
အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie
Our Kind of Traitor (2016)
6
Freud’s Last Session (2023)
Freud's Last Session (2023)~ IMDb - 6/10, RT - 45%, Meta - 49% ~စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကိုရိုက်ပြထားတာပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က ...
movie
Freud’s Last Session (2023)
2023
5.9
The Invasion (2007)
The Invasion (2007) ================ IMDb Rating - 5.9/10မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.99 GB) / (826 MB) Quality............WEB-DL 1080p / ...
movie
The Invasion (2007)
2007
6
Mimic (1997)
Mimic (1997)~ IMDb - 6/10, Rotten Tomatoes - 64% ~ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက ...
movie
Mimic (1997)
1997
7.0
Enigma(2001)
Enigma(2001)************* Dougray Scott နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာကပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့်လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက်အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက်အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေကဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့. File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard ...
movie
Enigma(2001)
7.3
Official Secrets (2019)
လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီးအခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။အကြောင်းအရာကတော့အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့သက်သေမပြနိုင်သေးချိန်။ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီးဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်းကတ်သရင်း ထရီဆာ ဂန်းဆီကိုအမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေကကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ...
movie
Official Secrets (2019)
2019
7.3
Eye in the Sky (2015)
Eye in the Sky (2015) IMDb - 7.3/10_____Rotten - 95% The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ် ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ် ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့် သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေ commander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ... သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ် ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက် မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်က ပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက် နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲ ထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲ သာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့ အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကား တကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်........ File Size - 1.15 GB and 736 MB Quality - BluRay 720p, 5.1CH and HD 720p File Type - mkv ...
movie
Eye in the Sky (2015)
2015