Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeong Man-sik
Mission: Cross (2024)
Mission: Cross (2024)*********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကိုCM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ်အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကိုတစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကိုတိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီးဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင်တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie
Mission: Cross (2024)
The Tiger (2015)
The Tiger (2015)*****************Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင်နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ်အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ်အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ဂျီရီတောင်ကတောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီးဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံးသေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကိုတောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Miri မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…3.2GB / 1.6GB Quality…BluRay 1080p/ ...
movie
The Tiger (2015)
7.0
Man in Love (2014)
Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie
Man in Love (2014)
6.38
Chronicle of a Blood Merchant (2015)
Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie
Chronicle of a Blood Merchant (2015)
2015
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
6.2
The Spies (2012)
The Spies 2012 အညွှန်းစပိုင်ကားတွေ ကြိုက်ပါတယ်ဆိုတဲ့လူတွေအဖို့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မြောက်ကိုရီးယားစပိုင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB 6.2/10 ရရှိထားပြီး Box office 8.3 မီလီယံရရှိထားတာက ၂၀၁၂ ခုနှစ်က အတိုင်းအတာနဲ့ဆို တော်တော်လေး အောင်မြင်ခဲ့တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တာပေါ့။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၀ ခေတ်ကာလက မြောက်ကိုရီးယားစပိုင်တွေ တော်တော်ခေတ်ထခဲ့တဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကလည်း မြောက်ကိုရီးယားစပိုင်လက်ချက်ပါပဲ။ မြောက်ကိုရီးယားစပိုင်တွေကို တောင်ကိုရီးယားဆီ စေလွှတ်ခဲ့ပြီး နိုင်ငံရေးအခြေအနေကို ထောက်လှမ်းနေခဲ့ကြပါတယ်။ အဲထဲမှာမှ အဖွဲ့မှူးဂင်ကတော့ ရောက်တာကြာနေပြီး မိသားစုကို ဗီရာဂရာ (လိင်ကြီးဆေး) တွေရောင်းပြီး ခက်ခက်ခဲခဲ ရှာကျွေးနေရတာပါ။ တစ်နေ့ကျတော့ မြောက်ကိုရီးယားက ဝန်ကြီးတစ်ယောက် တောင်ကိုရီးယားကိုသစ္စာဖောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုလာတဲ့အခါမှာတော့ အရှုပ်အထွေးတွေ စတင်လာပါတော့တယ်။ အဲအချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ဆေးရေးခေါင်းဆောင်ကို စေလွှတ်ပြီး အဖွဲ့မှူးဂင်တို့ဆီ ဆက်သွယ်ကာ တောင်ကိုရီးယားမှာ ရောက်နေတဲ့ မြောက်ကိုရီးယားစပိုင်အဖွဲ့ကို ပြန်လည်စုစည်းပြီး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားကြပါတော့တယ်။အဲလိုကြိုးစားတဲ့နေရာမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ အောင်မြင်ပါ့မလား ဘယ်လိုအလွဲလေးတွေ ပေါ်လာမလဲဆိုတာ CM ဖန်သားပြင်ပေါ်က ကြည့်ရှုလိုက်ပါဦးနော်ဒီကားထဲမှာ ...
movie
The Spies (2012)
2012
6.3
Hopeless (2023)
Hopeless (2023)ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်..ဇာတ်လမ်း အကျဥ်းကတော့၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာတော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး ...
movie
Hopeless (2023)
2023
6.5
Princess Aurora (2005)
Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie
Princess Aurora (2005)
2005
7.1
Remember (2022)
Remember (2022)မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ...
movie
Remember (2022)
7.3
Hunt (2022)
Hunt (2022)(1080p ရပါပြီ)Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ...
movie
Hunt (2022)
2022
7.0
Inside Men (2015)
Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Inside Men (2015)
6.3
Granny’s Got Talent (2015)
Granny's got Talent အညွှန်းဆဲမယ်ဗျို့ ..... ဆဲမယ် .... အဆဲပြိုင်ပွဲကြီး နွှဲကြမယ် .....ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ "အဆဲပြိုင်ပွဲ" ရှိုးပါပဲ။ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူတွေကို ဆုကြေးငွေပေးပြီးတော့ကို အဆဲပြိုင်ပွဲ လုပ်ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုးဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ..... အီဂျောင်ဆွန်းဆိုတဲ့အဘွားက ထောင်ကထွက်လာတာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါအဘွားက ပြိုင်ပွဲတစ်လျှောက်လုံး အဆဲစကေးတွေပြသွားမှာဖြစ်ပြီး နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို စောင့်ကြည့်ရမှာပါComedy ဆိုပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာလေးတော့ နည်းနည်းချိုးထားပါတယ်အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်တော့ စိတ်ဖိအားတွေပြေပျောက်ဖို့ မျှော်လင့်ပါတယ် ကြည့်ပေးကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ ...
movie
Granny’s Got Talent (2015)
2015
6.5
Paju (2009)
Paju (2009)ဒီတစ်ခေါက်မှာတော့ ဒီနှစ်ပိုင်းမှာ comeback ပြန်လာတော့မယ့် မင်းသမီး Seo Woo ရဲ့ ၂၀၀၉ ခုနှစ်က ရုပ်ရှင်လေးကို တင်ဆက်ပေးပါဦးမယ်မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်ကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့် ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ်အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့ အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ်ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်က ဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့ အဲအတွက်လည်း ကြိုးစားရပါတော့တယ်ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ၊ အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ်ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 2.1GB ...
movie
Paju (2009)
2009
6.4
Countdown (2011)
Countdown (2011) ============= IMDb Rating - 6.4/10ဒီဇာတ်လမ်းကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ သံယောဇဉ်ကို တခြားဇာတ်အိမ်တွေနဲ့မတူဘဲ ရသမြောက်မြောက် ရိုက်ကူးတင်ဆက် ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... သွေးအေးရက်စက်တတ်တဲ့ အကြွေးစုဆောင်းရေးအေးဂျင့် ဖြစ်သူ ထယ်ဂွန်းဟို တစ်ယောက်၊ တစ်နေ့မှာတော့ သူ့ဆီမှာ အရမ်းကိုပြင်းထန်နေပြီဖြစ်တဲ့ အသည်း ကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရပါတယ်။ အသက်ရှင်ဖို့ အချိန်သုံးလသာကျန် တော့တဲ့ သူ့အတွက် အစားထိုးခွဲစိတ်မှုလုပ်ဖို့ အသည်းအလှူရှင်တစ်ယောက်ကို ဆယ်ရက်အတွင်းရှာဖို့ လိုအပ်လာခဲ့ပါတယ်။ကြံရာမရတဲ့အဆုံးမှာတော့ သူ့သားလေး သေဆုံးချိန်တုန်းက ကိုယ်အင်္ဂါလှူဒါန်း ပေးထားတဲ့သူတွေကို ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို အသည်းလှူပေးနိုင်လောက်မဲ့ ချာဟာယွန် ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ ချာဟာယွန်ဟာ နာမည်ကြီးလူလိမ် တစ်ယောက်ဖြစ်နေတာကြောင့် သူ့ပြစ်ဒဏ်တွေအတွက်အချုပ်ကျနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချုပ်က လွတ်ဖို့ ရက်အနည်းငယ်သာကျန်တာ သိလိုက်ရတဲ့ အချိန်မှာတော့ ထယ်ဂွန်းဟိုတစ်ယေက် လူလိမ် ချာဟာယွန်ကို သူ့အသည်းကို အစားထိုးပေးဖို့ ဘယ်လိုစည်းရုံးမလဲ။ ချာဟာယွန် လုပ်ခဲ့တဲ့အရှုပ်အရှင်းတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ သူအောင်အောင်မြင်မြင် ခွဲစိတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှူလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.8 GB) / (810 MB) / ...
movie
Countdown (2011)
2011
7
Rough Cut (2008)
Rough Cut (2008) အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် ...
movie
Rough Cut (2008)
2008
Man of Will (2017)
Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie
Man of Will (2017)
2017
7.5
Escape from Mogadishu (2021)
Escape from Mogadishu (2021)IMDb - 7.5/10ကိုရီးယား Box Office မှာ နံပါတ် တစ်နေရာကို ရက်သတ္တပတ်ပေါင်းများစွာ နေရာယူခဲ့ပြီး လက်ရှိမှာ ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေတဲ့ Escape from Mogadishu ကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ မိုဂါဒီရှူကနေ ထွက်ပြေးကြတာကို ရိုက်ထားတာပါပဲ။၁၉၉၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘယ်လိုထွက်ပြေးကြလဲ ဆိုတော့ ..... တောင် နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သံရုံးဝန်ထမ်းတွေ ပေါင်းပြီး ထွက်ပြေးကြတာပါ။ဆိုမာလီယား နိုင်ငံ ရဲ့ မြို့တော် မိုဂါဒီရှူမှာ အာဏာရှင်အစိုးရကို မကျေနပ်တဲ့ ပြည်သူတွေကြောင့် အဓိကရုဏ်း ဖြစ်ပါတော့တယ်။ဒီကြားထဲမှာ ညပ်တာကတော့ သံရုံးဝန်ထမ်းတွေပါပဲ။ ဒီနိုင်ငံမှာ ဆက်နေရင် ဒီအဖြစ်နဲ့ ဆက်ကြုံရမယ်။ ဒီတော့ ထွက်ပြေးဖို့ လုပ်ရတာပါပဲ။ထွက်ပြေးတဲ့အချိန်မှာတော့ ..... တောင် နဲ့ မြောက် ပူးပေါင်းပြီး ထွက်ပြေးဖို့ စီစဉ်ကြတဲ့အကြောင်းပါ။မင်းသားကြီး ၃ လက် ဖြစ်တဲ့ Jo In ...
movie
Escape from Mogadishu (2021)
2021
7.0
The Swordsman(2020)
The Swordsman(2020)အညွှန်း**************************IMDb...7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်...စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်....တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ...ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်...ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်...ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်...File Size :((942MB) and (315MB) Quality : FHDRip 720p Format…mp4 Duration…01:40:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Hana Encoded by Phyo Pyae
movie
The Swordsman(2020)
7.0
OK! Madam(2020)
OK! Madam(2020)(နင်းကန်လန်းတဲ့ကားမို့ WEB-DL 1080P,720p တို့ဖြင့်တင်ဆက်ပေးထားပါတယ်...)သာမန်ဈေးလေးထဲမှာ မုန့်လုပ်ရောင်းတဲ့ မီယောင်းဟာ ကွန်ပျူတာပစ္စည်းတွေပြင်တဲ့ ခင်ပွန်းဖြစ်သူ ဆော့ဟွမ် သမီးလေးဖြစ်သူ နာရီတို့နဲ့အတူ နေထိုင်တယ်.... တစ်နေ့မှာ ဟာဝိုင်အီကိုသွားဖို့ ကံစမ်းမဲပေါက်သွားပြီး အပျော်တွေလွန်ရင်း ခရီးသွားဖို့ဖြစ်လာတယ်ပေါ့.... ဟာဝိုင်အီကိုသွားနေတဲ့လမ်းခရီးဟာ တကယ်ပျော်စရာလို့ထင်ရပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့်တဲ့အဆုံးဝါးဆုံးပြဿနာတွေဖြစ်လာတယ်.... သူတို့လေယာဉ်ပေါ်မှာ အရမ်းကိုအန္တရယ်များလှတဲ့ သူလျှိုပါလာတယ်ဆိုတဲ့ သတင်းရလို့ မြောက်ကိုရီးယားတပ်မှူးဖြစ်သူနဲ့အဖွဲ့တွေဟာ လေယာဉ်ကိုပိုက်စိပ်တိုက်ရှာကြတော့တယ်... စီးနင်းလာတဲ့ခရီးသည်တွေအားလုံး ဓားစာခံဖြစ်သွားကြတယ်ပေါ့.....မြောက်ကိုရီးယားကအဖွဲ့ကလည်း တကယ့်ကိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လက်မရွှံအဖွဲ့တွေ....အဲ့ဒီနောက်တော့ လေယာဉ်ပေါ်မှာ ပြဿနာမျိုးစုံစပါတော့တယ်....ဒီကားက ဇာတ်လမ်းစပြီး မိနစ်(၃၀)လောက်မှာတင် ပွဲစကြမ်းပါတယ်....လေယာဉ်ပေါ်ရဲ့ နေရာကျဉ်းကျဉ်းလေးတွေမှာ အက်ရှင်ခန်းတွေက တကယ်ကိုမိုက်တဲ့အပြင်ကြည့်ရတာတွေတကယ့်ကိုရှင်းပါတယ်...စိတ်ကျေနပ်စရာကောင်းတဲ့အက်ရှင်ခန်းတွေပါတဲ့အပြင်ဇာတ်လမ်းကတော်တော်ကောင်းပြီး လျှို့ဝှက်ချက်တွေနဲ့ နောက်ကွယ်က ထင်မထားတဲ့ အကြောင်းအရာတွေနဲ့မို့အားလုံးလက်မလွှတ်သင့်ပါကြောင်းပါ...သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေပါ...တောင်ကိုရီးယားရဲ့စွယ်စုံရမင်းသမီးကြီး အုမ်းဂျောင်ဟွာ နာမည်ကြီးသရုပ်ဆောင် မင်းသားကြီး ဘတ်ဆောင်အုန်း ဇာတ်ရုပ်တိုင်းမှာပိုင်နိုင်တဲ့ မင်းသားလီဆန်ယွန်း Running Man လီဂွမ်ဆူရဲ့ချစ်သူမိန်းကလေး မင်းသမီးလီဆောင်ဘင်း နဲ့ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် မင်းသားဂင်နမ်ဂီတို့အပြင် နာမည်ကြီးဇာတ်ပို့အများအပြား ပါဝင်အားဖြည့်ထားကြပါတယ်...File Size :(1.8GB)(850 MB) and (380 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:40:00 Genre : Action ...
movie
OK! Madam(2020)
WEB
6.1
Over My Dead Body (2012)
[Unicode]ဒီဇာတ်ကားလေးက ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Crime/Comedy အမျိုးစားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းသိပ္ပံ စမ်းသပ်မှု တစ်ခုရဲ့ microchip ကို ဥက္ကဌဖြစ်သူ ဂင်ထက်ဆူက ဓာတ်ခွဲခန်းနေ ခိုးယူပြီး နိုင်ငံခြားကို ရောင်းပစ်ဖို့လုပ်ခဲ့ပါတယ် အဲ့အချိန်မှာ ဓာတ်ခွဲခန်း အလုပ်သမားခေါင်းဆောင် ဂျင်ဆူကို ကားတိုက်လုပ်ကြံခဲ့ပါတယ်ဂျင်ဆူရဲ့သမီးက သူ့အဖေဘာကြောင့် လုပ်ကြံခံရတယ်ဆိုတာကိုသိရှိပြီး ဥက္ကဌဂင်ဆီ ဆေးရုံစရိတ်နဲ့ လျော်ကြေးတောင်းဖို့ သွားခဲ့ပေမယ့် ဥက္ကဌဂင်ဟာ ရုတ်တရက်သေဆုံးသွားပါတယ် အဖေ့ ဆေးရုံစရိတ်အတွက် လျော်ကြေးရဖို့ ဘာမဆိုလုပ်မယ်ဆိုပြီး အဖေဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ဥက္ကဌဂင်ရဲ့ အလောင်းကို ခိုးယူပြီး ငွေညှစ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမယ့် သူတို့ အလောင်းမှားခိုးမိပြီး ခိုးလာတဲ့လူကလည်း အသက်ရှင်နေတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်မှာလဲဥက္ကဌဂင်ရဲ့အလောင်းကရော ဘယ်မှာလဲ ဓာတ်ခွဲခန်းက ခိုးယူသွားတဲ့ microchip ကရော ဘယ်သူ့ဆီမှာလဲရဲတွေကလည်း ဒီ microchip နောက်ကိုလိုက်နေကြတဲ့အခါ ဘယ်လို အလွဲလေးတွေ ဟာသေလေးတွေဖစ်မလဲဆိုတာ ...
movie
Over My Dead Body (2012)
1
2
Next