Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeong Gi-Seop
7.0
Noryang: Deadly Sea(2023)
Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie
Noryang: Deadly Sea(2023)
7.3
Bedevilled (2010)
ကားဟောင်းလေးဆိုပေမယ့် ရင်ထဲကို ထိစေမယ့် ရုပ်ရှင်လေးတစ်ပုဒ်ပါ။ဟယ်ဝန်းတစ်ယောက် ငယ်ငယ်ကအဖိုးနဲ့ကြီးပျင်းလာခဲ့တဲ့မွန်းဒုံကျွန်းကို အလည်သွားပါတယ်။ထူးဆန်းတာက ကျွန်းပေါ်မှာ ဖိုဝါဒကြီးစိုးနေတယ်လို့ ပြောနိုင်တဲ့ယောက်ျားလေးတွေကို အထူးနေရာပေးထားတာပါ။ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီးသမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လိုတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလိုကိုးကွယ်တဲ့ရွာမှာဘို့နမ်အတွက်တော့နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။ဒီလိုမျိုး နေရတဲ့ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကိုသမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်းဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကို လိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေ၊အယူသီးပြီး ယောက်ျားတွေကိုမှမြတ်တယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုးလ်ကိုသမီးလေးနဲ့ထွက်ပြေးဖို့လုပ်တုန်း ယောက်ျားက မိသွားတဲ့အခါ သူတို့ သားအမိရဲ့ ဘ၀လေး စတင်ပြီး ကံဆိုးမိုးမှောင်ကျတော့တာပါပဲ File size… 2.66 GB / 1.26 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55 m Genre ..... Thriller Subtitle…. Myanmar Subtitle ...
movie
Bedevilled (2010)
2010
8.0
Stand by Me (2018)
Stand by meဆိုတဲ့ 2018ထွက် ကားသစ်လေးကတော့ Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ထားတဲ့ ကားလေးတစ်ကားပါဒီဇာတ်ကားလေးကို စိတ်မခိုင်တဲ့လူတွေ ကြည့်မယ်ဆိုရင်တော့ တစ်သျှူးလေးတော့ ဆောင်ထားကြပါနော်ဒီကားလေးမှာတော့ အသက်ရဝအရွယ် အဖိုးတယောက်က မြေးလေးနှစ်ယောက်ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေးစောင့်ရှောက်ရင်း နေထိုင်နေခဲ့တယ်ဘယ်လောက်ပဲ အဖိုးချစ်ခင်စောင့်ရှောက်နေပါစေမိဘမေတ္တာငတ်နေတဲ့ ကလေးတွေကတော့ အမေနဲ့အဖေကိုသာ လွမ်းဆွတ်နေခဲ့ရှာပါတယ်အဖိုးဖြစ်သူက အမေ့ကို မောင်းထုတ်လိုက်တယ်ဆိုပြီး ကလေးတွေက အဖိုးကို တခါတလေ မုန်းတီးတတ်ပါတယ်အဲ့လိုနဲ့ အဖိုးဖြစ်သူက အဆုတ်ကင်ဆာဖြစ်နေခဲ့ပြီးတော့ ကလေးတွေကို ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပဲချွေးမဖြစ်သူကို ရှာဖို့ကြိုးစားပါတော့တယ်ချွေးမဖြစ်သူကိုတော့ အဖိုးက သူ့သားသေသွားတာကို အာမခံငွေတွေယူပြီး ထွက်သွားလို့ မုန်းတီးခဲ့တာပါအဲ့လိုနဲ့အဖိုးက သူ့ချွေးမကိုရော ပြန်ရှာတွေ့ခဲ့လားသူ့ချွေးမကရော ဘာလို့ အာမခံငွေတွေယူသွားခဲ့ရတာလဲအဖိုးကသေတော့မှာမို့ ကလေးတွေကိုရော ဘယ်လိုလုပ်ခဲ့လဲကလေးတွေကရော အမေနဲ့ပြန်တွေ့ပါ့မလားဆိုတာ မသိချင်ကြဘူးလားတကယ့်ကိုသနားစရာကောင်းတဲ့ ဖြစ်ရပ်မှန်ကားလေးလည်းဖြစ်ပြီး လက်တွေ့ဘဝမှာလည်း ဖြစ်တတ်တဲ့အကြောင်းအရာပုံစံမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ ဗဟုသုတရတဲ့ကားလေးပါကြည့်ကိုကြည့်သင့်ပြီး ကြည့်ရတာတကယ်တန်စေမယ့် ကားလးပါလို့ ညွှန်းလိုက်ချင်ပါတယ်ရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw ဖြစ်ပါတယ်)File Size ...
movie
Stand by Me (2018)
2018