Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeon Su-Ji
6.8
The Whistleblower (2014)
The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစားနေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie
The Whistleblower (2014)
7.3
A Man Who Was Superman(2008)
A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie
A Man Who Was Superman(2008)
6.6/10
Closer to Heaven (2009)
Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့ကောင်မလေးပါ လူတွေကိုလည်းအတတ်နိုင်ဆုံးကူညီပေးတတ်ပါတယ် ဒါပေမယ့် သူဟာ လူသေအလောင်းတွေကို အလှပြင်ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး ပြောဆိုကြပါတယ် ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အကြောင်းရှာမရတော့ သူ့ရဲ့လက်ကကြောက်ဖို့ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူကောင်းတစ်ယောက်တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်းရောဂါကိုခံစားနေရတဲ့ လူတစ်ယောက်ပါ ဒါပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမပေးပါဘူး ရှေ့နေတစ်ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာနေပေးဖို့ တောင်းဆိုခဲ့ပါတယ် လူတွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သဘောတူခဲ့ပြီးတော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်နေတာနဲ့အညီ လွမ်းဆွေးငိုကြွေးရတဲ့ရသတွေကို သေချာပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်ယောက်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေ သူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရားတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Encoded by August File Size - 2GB , ...
movie
Closer to Heaven (2009)
7.7
Marathon (2005)
[Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie
Marathon (2005)
6.1
Love Fiction (2012)
Love Fiction (2012)_____IMDb - 6.1/10 Goo Joo-wol ...အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ...
movie
Love Fiction (2012)
2012