Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jenny Wade
The Ice Harvest (2005)
ခရစ္စမတ်ဇာတ်လမ်းလည်းဖြစ်၊ Comedy အမျိုးအစားလည်းဖြစ်ပေမဲ့ Home Alone လို ပျော်ရွှင်ကြည်နူးရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်ရှင်သန်ဖို့ကြိုးစားပုံကို လက်ရာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Black Comedy / Crime ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ John Cusack က အဓိကဇာတ်ကောင် Charlie အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Charlie က ကလိမ်ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့မှာနေထိုင်ပါတယ်။ ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်လုပ်ငန်းရှင်သူဌေး Bill ဆီက ဒေါ်လာနှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတုအခြေအနေကြောင့် ချက်ချင်းပြေးလို့မရဘဲ ခရစ္စမတ်အကြိုညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက်ကို Bill ရဲ့တပည့်လူဆိုး Roy က စုံစမ်းနေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ...
movie
The Ice Harvest (2005)
6.5
Red Eye (2005)
Red Eye (2005) ============= IMDb Rating - 6.5/10Mean Girls နဲ့ The Notebook ဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသမီး ရေချယ်မက်အက်ဒမ်စ်နဲ့ ကျွန်တော်တို့ရဲ့ တွမ်မီရှယ်ဘီကြီး တစ်ဖြစ်ရော၊ အော့ပန်ဟိုင်းမားဇာတ်ရုပ်တွေမှာပါ လူကြိုက်များခဲ့ ကြတဲ့ ခီလီယန်မာဖီတို့နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဆန်ဆန်ဇာတ် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟိုတယ်မန်နေဂျာမလေး လီဆာက အဘွားဖြစ်သူရဲ့ဈာပနာကိုသွားပြီး အိမ်အပြန်လမ်းခရီးမှာ သူတစ်သက်မေ့မှာမဟုတ်တဲ့အရာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတော့တယ်။ လီဆာက မိုင်ယာမီကိုပြန်ဖို့ ဒဲလ်လက်စ် လေဆိပ်မှာစောင့်နေရင်း ဂျက်ဆန်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ ခဲ့တယ်။ ဂျက်ဆန်က ကူညီရိုင်းပင်းတတ်ပြီးရည်မွန်တဲ့လူတစ်ယောက် ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်စလုံး ထိုင်ခုံအတူတူထိုင် ရတယ်ပေါ့လေ။တကယ်တော့ ဒါတွေဟာတိုက်ဆိုင်မှုတွေ မဟုတ်ခဲ့ပါဘူး အရာအားလုံးဟာ စနစ်တကျကြိုတင်စီမံထားတဲ့ အရာတွေပါပဲ။ လေယာဉ်ပေါ်မှာ စကားတွေ ပြောရင်းပြောရင်းနဲ့ ဂျက်ဆန်ကလီဆာ့ကိုတဖြည်းဖြည်းနဲ့ခြိမ်းခြောက်လာ ပါတော့တယ်။ ဂျက်ဆန်က တကယ်တော့ အကြမ်းဖက်သမားဖြစ်ပြီး ဘယ် လိုတွေ ခြိမ်းခြောက်သွားလဲဆိုတာကတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား ရင်တမမနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ထုံးစံအတိုင်း ခီလီယန်မာဖီကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်ဖြစ်သလို . ရေချယ်ရဲ့ လီဆာနေရာမှာ သရုပ်ဆောင်မှုကလည်း လုံးဝ ကိုကောင်းမွန်ပြည့်စုံလွန်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.35 GB) ...
movie
Red Eye (2005)
2005
6.3
No Reservations (2007)
No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီးဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီးခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ ...
movie
No Reservations (2007)
6.2
Feast(2005)
Feast(2005) ===========ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲသောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးအပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကိုဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာမထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Feast(2005)
6.3
Nurse Betty (2000)
Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie
Nurse Betty (2000)
2000
7.1
Brothers (2009)
Brothers (2009) IMDb - 7.1/10_____Rotten - 64% မင်းသား Tobey Maguire , Jake Gyllenhaal , မင်းသမီး နာတာလီပေါ့ထ်မန်းတို့ပါဝင်ထားတဲ့ စစ်ပွဲအခြေပြု Drama,Thriller,War အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (7.1) ရရှိထားတဲ့ဇာတ်ကားပါ။ Tobey နဲ့ နာတာလီပေါ့ထ်မန်း က လင်မယား....ကလေးနှစ်ယောက်လဲရှိတယ်....Jake နဲ့ Tobey က ညီအစ်ကိုတွေ... Tobey ကတော့ အမေရိကန်မရိန်းတပ်ကဗိုလ်ကြီး... Jake ကတော့ ထောင်ထွက်အပေအတေ... အာဖဂန်နစ်စတန်ကစစ်ဆင်ရေးတစ်ခုမှာ Tobey တစ်ယောက် အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတဲအခါမှာတော့..........။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Bonne Fille
movie
Brothers (2009)
2009